‘သက်ရှိတန်ခိုးရှင်’ အိန္ဒိယဇာတ်ကားဟာ စိတ်ကူးယဉ် ဟာသအက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီး ဒါရိုက်တာ Trivikram Srinivas က ရိုက်ကူးပုံဖော်ထားကာ မင်းသား Mahesh Babu, မင်းသမီး Anushka Shetty နဲ့ အခြားနာမည်ကြီးသရုပ်ဆောင်များစွာက ပါဝင်ထားကြတာ ဖြစ်ပါတယ်။

မြို့ပြနဲ့ဝေးလံခေါင်သီတဲ့ ရွာတစ်ရွာတွင် လျှို့ဝှက်ဆန်းကြယ်တဲ့ ရောဂါတစ်ခုဖြစ်ပွားလာခဲ့ပြီး လစဉ် လူပေါင်းများစွာ သေဆုံးနေခဲ့ရတာပါ။ အနာဂတ်ဟောပြောချက်တွေအရ နတ်ဘုရားက ရွာကိုကယ်တင်မယ်လို့ ဆိုထားပါတယ်။ အဲဒီနောက်မှာတော့ ရွာသားတွေက တက္ကစီမောင်းသမားလေး Raju ဆီတွင် သူတို့ကိုကယ်တင်ပေးနိုင်မဲ့ ဖြစ်နိုင်ခြေအလားအလာတွေကို တွေ့ရှိခဲ့ကြတာဖြစ်ကာ သူ့ကိုနတ်ဘုရားလို့ ထင်မှတ်ခဲ့ကြပါတယ်။

Raju တစ်ယောက် တကယ်ပဲ ဒီရွာရဲ့အခက်အခဲကို ကူညီဖြေရှင်းပေးနိုင်ပါ့မလား၊ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ရောဂါဆိုးကြီးကရော ဘယ်ကနေဘယ်လိုစဖြစ်လာခဲ့တာလဲ၊ Raju ရဲ့ဘဝက ဘယ်လိုအလှည့်အပြောင်းတွေနဲ့ ထပ်ကြုံတွေ့ရဦးမှာလဲဆိုတာကို ကြည့်ရှုကြရမဲ့ စိတ်ကူးယဉ်ဟာသအက်ရှင် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ မင်းသားချော Mahesh Babu ရဲ့ ပရိသတ်တွေ သေချာပေါက်အကြိုက်တွေ့စေမဲ့ ဒီအိန္ဒိယဇာတ်ကားကို https://www.viu.com/ott/mm/mya တွင် ကြည့်ရှုခံစားနိုင်ပါတယ်။