Thursday, December 7, 2023
HomeEntertainmentကျိန်စာသင့်မှင်စာတစ်ကောင်နှင့် အထက်တန်းကျောင်းသူလေးတို့ကြားက အချစ်ဇာတ်လမ်း 'မှင်စာဒိုင်ယာရီ'

ကျိန်စာသင့်မှင်စာတစ်ကောင်နှင့် အထက်တန်းကျောင်းသူလေးတို့ကြားက အချစ်ဇာတ်လမ်း ‘မှင်စာဒိုင်ယာရီ’

2016 က ထုတ်လွှင့်ပြသခဲ့တဲ့ ‘မှင်စာဒိုင်ယာရီ’ ကိုရီးယားဒရာမာ ဇာတ်လမ်းတွဲဟာ အခုအချိန်အထိ ပရိသတ်တွေကြားထဲမှာ ရေပန်းစားနေဆဲ ဇာတ်လမ်းတွဲကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကို ဇာတ်ညွှန်း Kim Eun Sook က ရေးသားထားပြီး ဒါရိုက်တာ Lee Eung Bok က ရိုက်ကူးပုံဖော်ထားကာ မင်းသား Gong Yoo, Lee Dong Wook, Yook Sung Jae နဲ့ မင်းသမီး Kim Go Eun, Yoo In Na တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။

pinterest.com

ဇာတ်လမ်းပုံစံက Kim Shin ဟာ တစ်ချိန်က Goryeo ရဲ့စစ်တပ်တွင် ဘယ်သူကမှအနိုင်မယူနိုင်တဲ့ စစ်သူကြီးတစ်ဦးဖြစ်ပြီး ဝမ်းနည်းစရာကောင်းတဲ့ အခြေအနေဖြင့် သေဆုံးခဲ့ရသူဖြစ်ပါတယ်။ အခုအချိန်မှာတော့ သူဟာ မသေဆုံးနိုင်တဲ့မှင်စာတစ်ကောင် ဖြစ်နေခဲ့ပြီဖြစ်ပြီး အသက်ရှင်နေတဲ့ ကာလတစ်လျှောက်လုံးတွင် သူ့ဘဝထဲကလူတွေထွက်ခွာသွားတာကို ကြည့်နေရတဲ့အဖြစ်က သူ့ကိုအသက်ဆက်ရှင်သန်ဖို့ ငြီးငွေ့လာစေတာ ဖြစ်ပါတယ်။ နှစ်ပေါင်း 900 တိုင်အောင် Kim Shin တစ်ယောက် သူ့ရင်ဘတ်ထဲစိုက်နေတဲ့ဓားကို ဆွဲထုတ်ပေးကာ ဒီဘဝကနေ သူ့ကိုလွတ်မြောက်အောင် လုပ်ဆောင်ပေးနိုင်တဲ့ မှင်စာသတို့သမီးကို ရှာဖွေနေခဲ့တာပါ။

youtube.com

တစ်နေ့မှာတော့ သူ့ရဲ့သရုပ်မှန်ကိုသိမြင်နိုင်ပြီး အကောင်းမြင်စိတ်ရှိတဲ့ အထက်တန်းကျောင်းသူလေး Ji Eun Tak နဲ့ တွေ့ဆုံခဲ့တာပဲ ဖြစ်ပါတယ်။ သူမဟာ Kim Shin ရဲ့အသက်ကို အဆုံးသတ်ပေးနိုင်တဲ့ မှင်စာသတို့သမီးဖြစ်ကာ အရာအားလုံးက အဆင်ပြေလွယ်ကူပုံပေါ်နေခဲ့ပေမဲ့ နှစ်ယောက်သား ချစ်မိသွားတဲ့အချိန်မှာတော့ အရာအားလုံးဟာ ရှုပ်ထွေးလာခဲ့ပါတယ်။ စိတ်ကူးယဉ် အချစ်ဟာသ မယ်လိုဒရာမာ ‘မှင်စာဒိုင်ယာရီ’ ဇာတ်လမ်းတွဲလေးကို ပြန်လည်ကြည့်ရှုချင်တဲ့ ပရိသတ်တွေအတွက် https://www.viu.com/ott/mm/mya တွင် ဝင်ရောက်ကြည့်ရှုခံစားနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d