Ra Eun Ho ဟာ ချမ်းသာတဲ့သူနဲ့ ဆင်းရဲသူ ခွဲခြားဆက်ဆံတဲ့ကျောင်းတွင် ရှင်သန်ရန်ရုန်းကန်နေရသူတစ်ဦး ဖြစ်ပါတယ်။ Eun Ho ဟာ ရွှင်လန်းတက်ကြွပြီး webtoon အနုပညာရှင်တစ်ဦးဖြစ်လာရန် စိတ်ကူးအိပ်မက်တွေရှိနေတဲ့ အသက် 18 နှစ်အရွယ် မိန်းကလေးတစ်ဦးပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျောင်းကိုကမောက်ကမဖြစ်အောင် အခြားကျောင်းသားတစ်ဦးရဲ့လုပ်ဆောင်မှုတွင် သူမမှားယွင်းစွာ စွပ်စွဲခံလိုက်ရတဲ့အချိန်မှာတော့ Eun Ho ဟာ မည်သူမည်ဝါမှန်းမသိတဲ့ ဒုက္ခလိုက်ပေးနေတဲ့ ကျောင်းသူ X အဖြစ် သတ်မှတ်ခံလိုက်ရကာ သူမရဲ့အိပ်မက်အားလုံး အန္တရာယ်ထဲကျရောက်သွားခဲ့တာပါ။

အဲဒီနောက်မှာတော့ ဆိုးရွားတဲ့အတိတ်တွေရှိခဲ့ဖူးတဲ့ ကျောင်းဒါရိုက်တာရဲ့သားဖြစ်သူ Hyun Tae Woon က သူမနဲ့ပူးပေါင်းဖို့ ဖြစ်လာခဲ့ပါတယ်။ မော်တော်ဆိုင်ကယ် မတော်တဆမှုတစ်ခုတွင် သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်သူကို ဆုံးရှုံးလိုက်ရပြီးနောက် Hyun Tae Woon ရဲ့ဘဝဟာ ပြောင်းလဲသွားခဲ့တာပါ။ သူက လူတွေနဲ့ ခပ်ကင်းကင်းနေတတ်ပြီး ရိုင်းစိုင်းပေမဲ့ Eun Ho ရဲ့ အကြောင်းသိလာရတဲ့အချိန်မှာ ကမ္ဘာကြီးအပေါ် သူ့ရဲ့အမြင်တွေ ပြောင်းလဲလာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Tae Woon တစ်ယောက် Eun Ho ကို ချစ်မိသွားခဲ့ပြီး တခြားကျောင်းသားတွေနဲ့အတူ ကျောင်းရဲ့အကျင့်ပျက်စနစ်အားဆန့်ကျင်ကာ အပြောင်းအလဲတစ်ခုပြုလုပ်ရန် ကြိုးစားခဲ့ကြပါတယ်။

‘ကျောင်း ၂၀၁၇’ ကိုရီးယားဇာတ်လမ်းတွဲဟာ လျှို့ဝှက်ဆန်းကြယ်၊ လူငယ်၊ အချစ်ဒရာမာအမျိုးအစားဖြစ်ပြီး Jung Chan Mi က ဇာတ်ညွှန်းရေးသားကာ ဒါရိုက်တာ Song Min Yeop နဲ့ Park Jin Suk တို့က ရိုက်ကူးပုံဖော်ထားပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ မင်းသမီး Kim Se Jeong, Han Sun Hwa, Seol In Ah နဲ့ မင်းသား Kim Jung Hyun, Jang Dong Yoon, Han Joo Wan တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ‘ကျောင်း ၂၀၁၇’ ဒရာမာဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya တွင် အခုပဲကြည့်ရှုလိုက်ပါ။