Lee Ho Cheol ဟာ သာမန်မီးသတ်သမားတစ်ယောက် ဖြစ်ပါတယ်။ တစ်နေ့မှာတော့သူဟာ လူသတ်မှုရဲ့ မျက်မြင်သက်သေတစ်ယောက် ဖြစ်လာခဲ့ပြီးနောက်တွင် သူ့ရဲ့သမီးလေးကို ပြန်ပေးဆွဲခံလိုက်ရပါတယ်။ ကွင်းဆက်လူသတ်သမားအကြောင်း သတင်းတွေထွက်ပေါ်နေချိန် Ho Cheol ဟာ သူစိမ်းအိမ်နီးချင်းတစ်ယောက်ရဲ့ သတင်းပေးမှုဖြင့် တရားခံဖြစ်နိုင်ဖွယ်ရှိတဲ့ Kwon Shi Woo ထံသို့ သွားရောက်စုံစမ်းဖို့ ဖြစ်လာခဲ့တာပါ။

ဒါပေမဲ့ Lee Ho Cheol မသိခဲ့တာက သူ့ကိုသတင်းပေးခဲ့တဲ့သူဟာ ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်နေခဲ့တယ်ဆိုတာပါပဲ။ သမီးဖြစ်သူကို အချိန်မီကယ်တင်နိုင်ဖို့ Lee Ho Cheol တစ်ယောက် လူသတ်သမားဖြစ်နိုင်မဲ့သူနောက်ကို တရစပ်လိုက်စုံစမ်းခဲ့ပါတော့တယ်။ သူတကယ်ပဲ ဒီလူသတ်သမားရဲ့ သရုပ်မှန်ကိုဖော်ထုတ်သွားနိုင်ပါ့မလား၊ သူ့ရဲ့သမီးလေးကိုရော အချိန်မီကယ်တင်နိုင်ပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။

လျှို့ဝှက်ဆန်းကြယ် သည်းထိတ်ရင်ဖိုဒရာမာဇာတ်လမ်းတွဲ ‘အသက်ထပ်ကစားပွဲ’ ကို ဇာတ်ညွှန်း Lee Ji Hyun က ရေးသားထားပြီး ဒါရိုက်တာ Jo Nam Hyung က ပုံဖော်ရိုက်ကူးထားကာ မင်းသား Jin Goo, Ha Do Gwon နဲ့ Lee Won Keun တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ ‘အသက်ထပ်ကစားပွဲ’ ကိုရီးယားဒရာမာဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya တွင် အခုပဲဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။