Thursday, December 7, 2023
HomeUncategorizedချစ်ရတဲ့ ခွေးလေးတွေနဲ့အတူ ခြေကျင်ခရီးထွက်ခဲ့သူအမျိုးသမီး

ချစ်ရတဲ့ ခွေးလေးတွေနဲ့အတူ ခြေကျင်ခရီးထွက်ခဲ့သူအမျိုးသမီး

စူးစမ်းလေ့လာသူဟာ ကမ္ဘာ့ရှစ်ခုမြောက် အမြင့်ဆုံးတောင်ဖြစ်တဲ့ Manaslu တောင်ကို တက်ရောက်နိုင်ဖို့အတွက် သူမရဲ့ခွေးလေးတွေကို တစ်နှစ်ပတ်လုံး လေ့ကျင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီခွေးလေးတွေဟာ အပြင်ဘက်ပတ်ဝန်းကျင်ကိုသာမက တောင်တန်းတွေကိုပါ သဘောကျနှစ်သက်ကြပြီး တောင်တက်ခရီးတိုများစွာကိုလည်း လိုက်ပါခဲ့ဖူးတာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ပေပေါင်း 16,700 ရှိတဲ့ တောင်တက်ခရီးအတွက် မိုင်ပေါင်း 110 မိုင်ကို 16 ရက်ကြာဖြတ်ကျော်ခဲ့ကြရတာ ဖြစ်ပါတယ်။ “ကျွန်မရဲ့ခွေးတွေနဲ့အတူ ခရီးစဉ်မှာအတူရှိတဲ့အခါ ကျွန်မရဲ့စိတ်က ပိုသက်သောင့်သက်သာရှိတယ်လို့ ခံစားရပြီး ညဘက်မီးပုံဝိုင်းမှာ မီးအတူလှုံရတာကို သဘောကျပါတယ်” ဟု စူးစမ်းလေ့လာသူက ပြောကြားခဲ့ပါတယ်။

စူးစမ်းလေ့လာသူနဲ့ သူမရဲ့ခွေးလေးတွေဟာ Manaslu တောင်တက်ခရီးစဉ်တွင် ကြိုးတံတားပေါင်းများစွာကို ဖြတ်ကျော်ပြီး ဘုန်းတော်ကြီးကျောင်းများကို ရှာဖွေခြင်းနဲ့ ရေခဲမြစ်တွေကိုဖြတ်ကျော်ကာ ခက်ခဲကြမ်းတမ်းတဲ့ ခရီးရှည်ကိုလျှောက်လှမ်းခဲ့ကြတာပါ။ ဒါပေမဲ့ team work ကောင်းကောင်းနဲ့ လုပ်ဆောင်ခဲ့ကြတဲ့ ဒီခရီးစဉ်ဟာ တကယ့်ကိုပင်ပန်းရကျိုးနပ်ခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ သူတို့လိုချင်တဲ့ပန်းတိုင်ကို ရောက်ရှိခဲ့ကြပါတယ်။ လူသူအရောက်နည်းတဲ့ သဘာဝတရားကြီးကို ရှင်းလင်းပြတ်သားစွာမြင်တွေ့ခွင့်ရတဲ့ ဒီခရီးစဉ်ရဲ့ မြင်ကွင်းတွေကတော့ တကယ့်ကိုအံ့မခန်းပါပဲ။

Shwemom
photos from awdoutdoor/instagram

RELATED ARTICLES
- Advertisment -

Most Popular

%d