Sim Jung Woo ဟာ ထက်မြက်ပြီးချောမောတဲ့ လူငယ်တစ်ယောက်ပါ။ ပြည်နယ်စာမေးပွဲမှာ ပထမရတဲ့ အသက်အငယ်ဆုံးသူဖြစ်ပြီး သူဟာမင်းသမီးလေးရဲ့ ခင်ပွန်းအဖြစ် ရွေးချယ်ခြင်းခံလိုက်ရပါတယ်။ ဒါပေမဲ့ သူတို့ရဲ့မင်္ဂလာပွဲအခမ်းအနားတွင် မင်းသမီးလေးက ရုတ်တရက်ကွယ်လွန်သွားခဲ့ကာ Sim Jung Woo ရဲ့လှပတဲ့ဘဝဟာ ပြောင်းလဲသွားခဲ့ပြီး သူဟာ ကံဆိုးတဲ့လူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဂျိုဆွန်းခေတ်ရဲ့ထုံးစံအရ သူဟာ အစိုးရအလုပ်ရာထူးကို မရနိုင်တော့သလို နောက်အိမ်ထောင်လည်း မပြုနိုင်တော့ပါဘူး။

Jung Soon Deok ကတော့ အမတ်ကြီးတစ်ဦးရဲ့ ကွယ်လွန်သွားတဲ့ ဒုတိယသားဖြစ်သူရဲ့ဇနီး မုဆိုးမတစ်ဦးဖြစ်ပါတယ်။ သူမဟာ Yeo Joo Daek ဆိုတဲ့ နောက်ထပ်နာမည်တစ်ခုဖြင့် အောင်သွယ်တော်အဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး အလှကုန်နဲ့ အမျိုးသမီးအသုံးအဆောင်ပစ္စည်းတွေကို အရောင်းသွက်သူတစ်ယောက်ပါ။ သူမဟာ Hanyang မြို့တော်တွင် အတော်ဆုံးအောင်သွယ်တော်တစ်ယောက် ဖြစ်နေခဲ့တာပါ။ Sim Jung Woo နဲ့ Jung Soon Deok တို့ပူးပေါင်းကာ အသက်ကြီးနေတဲ့ တစ်ကိုယ်တည်း အမျိုးသား၊ အမျိုးသမီးတွေကို အောင်သွယ်လုပ်ကာ လက်ထပ်ပေးဖို့ကြိုးစားကြပုံကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။

ထူးခြားတဲ့ ဇာတ်လမ်းပုံစံလေးနဲ့ ‘အောင်သွယ်တော်များ’ နန်းတွင်းအချစ်ဟာသ ကိုရီးယားဇာတ်လမ်းတွဲလေးတွင် Rowoon, Choi Yi Hyun, Jo Han Chul, Lee Ye Joo, Park Ji Young, Lee Hae Young နဲ့ သရုပ်ဆောင်များစွာက ပါဝင်ထားကြပါတယ်။ ကိုရီးယားတွင် ထုတ်လွှင့်ပြသနေဆဲဖြစ်တဲ့ ‘အောင်သွယ်တော်များ’ ဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya တွင် မြန်မာစာတန်းထိုးဖြင့် ကိုရီးယားနဲ့အပြိုင် ကြည့်ရှုနိုင်ပါတယ်။