နိုင်ငံရဲ့ထိပ်တန်း စာရင်းကိုင်ကုမ္ပဏီတစ်ခုတွင် ဝင်ရောက်လုပ်ကိုင်နေတဲ့ Ho Woo ဆိုသူဟာ သာမန်စာရင်းကိုင်တွေမှာ မရှိသလောက်ရှားပါးတဲ့ အရမ်းကိုကောင်းမွန်လွန်းတဲ့ မှတ်ဉာဏ်စွမ်းရည်၊ ဖြတ်ထိုးဉာဏ်ရှိမှု၊ လိုက်လျောညီထွေမှုနဲ့ တရားမျှတမှုရှိသူ တစ်ယောက်ဖြစ်တာကြောင့် သူဟာ ပြီးပြည့်စုံတဲ့ ဝန်ထမ်းတစ်ယောက်ထက်တောင် ပိုနေတာဖြစ်ပါတယ်။ စာရင်းကိုင်ကုမ္ပဏီကြီးရဲ့ ဒုဥက္ကဋ္ဌဖြစ်သူ Je Kyun ကတော့ သူ့ရဲ့ရက်ရောတတ်တဲ့စရိုက်ကြောင့်
လူသိများသလို သူလိုချင်တာကို ရအောင်ယူတတ်သူလည်း ဖြစ်ပါတယ်။ ဒုဥက္ကဋ္ဌကြီးရဲ့သားဖြစ်သူ Seung Jo ကတော့ Ho Woo နဲ့ အတော်လေးဆန့်ကျင်ဘက်ဖြစ်ပေမဲ့ ကုမ္ပဏီရဲ့ ace accountant တစ်ယောက် ဖြစ်ပါတယ်။

Ho Woo နဲ့ Seung Jo တို့နှစ်ယောက်ဟာ သူတို့ရဲ့ကိုယ်ပိုင်ပန်းတိုင်တွေကို အောင်မြင်ရန်အတွက် ကိန်းဂဏန်းတွေနဲ့လုံးပန်းနေကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ ပန်းတိုင်တွေဟာ မတူညီကြပေမဲ့ တူညီတဲ့ပစ်မှတ်တစ်ခုတည်းကို ဦးတည်နေကြပါတယ်။ သူတို့လိုချင်တဲ့ပန်းတိုင်တွေကို အောင်မြင်စွာရောက်နိုင်ပါ့မလား၊ ဒီစာရင်းကိုင်ကုမ္ပဏီကြီးမှာ တကယ်ရော တရားမျှတမှုကို ဆောင်ရွက်ပေးနိုင်မလားဆိုတာကို ကြည့်ရှုရမဲ့ ဇာတ်လမ်းတွဲကောင်းတစ်ခု ဖြစ်ပါတယ်။

‘Numbers’ လို့အမည်ပေးထားတဲ့ ဒီကိုရီးယားဇာတ်လမ်းတွဲဟာ သည်းထိတ်ရင်ဖို၊ လျှို့ဝှက်ဆန်းကြယ် အက်ရှင်ဒရာမာအမျိုးအစားဖြစ်ပြီး ဒါရိုက်တာ Kim Chil Bong က ပုံဖော်ရိုက်ကူးထားပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ မင်းသား Kim Myung Soo, Choi Jin Hyuk, Choi Min Soo နဲ့ မင်းသမီး Yeonwoo, Kim Yoo Ri တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ‘Numbers’ ကိုရီးယားဒရာမာဇာတ်လမ်းတွဲလေးကို မြန်မာစာတန်းထိုးအပြည့်အစုံဖြင့် အခုပဲ https://www.viu.com/ott/mm/mya တွင် ကြည့်ရှုနိုင်ပါပြီ။