Thursday, December 7, 2023
HomeLifestyleစိတ်ပညာရှင်တစ်ဦးရဲ့အဆိုအရ အမျိုးသမီးတွေဟာ သူတို့ရဲ့ဖခင်နဲ့တူညီတဲ့ အမျိုးသားတွေကို ရွေးချယ်လေ့ရှိကြောင်းသိရ

စိတ်ပညာရှင်တစ်ဦးရဲ့အဆိုအရ အမျိုးသမီးတွေဟာ သူတို့ရဲ့ဖခင်နဲ့တူညီတဲ့ အမျိုးသားတွေကို ရွေးချယ်လေ့ရှိကြောင်းသိရ

image source: freepik

အဖေနဲ့ သမီးတွေရဲ့ကြားကဆက်ဆံရေးဟာ ထူးခြားပါတယ်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဆက်နွယ်မှုက အမြဲတမ်းရှိနေတာဖြစ်တာကြောင့် ဖခင်တွေဟာ သူတို့ရဲ့သမီးတွေကြီးပြင်းလာမှုတွင် ဘယ်လိုမျိုးလွှမ်းမိုးမှုတွေရှိနေလဲဆိုတာကို စိတ်ပညာရှင်အချို့က လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။ မိဘအုပ်ထိန်းခြင်းပုံစံဟာ ကလေးတွေအရွယ်ရောက်လာတဲ့အချိန်မှာ သူတို့ရဲ့မသိစိတ်အပြုအမူတွေနဲ့ အတွေးအမြင်တွေမှာ ပါဝင်ပတ်သက်မှု ရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် မိဘတွေဟာ သားသမီးတွေရဲ့ လက်တွဲဖော်ရွေးချယ်ဆုံးဖြတ်မှုတွေအထိ သက်ရောက်မှုရှိနေတာ ဖြစ်ပါတယ်။ စိတ်ပညာရှင် Linda Nielsen က ကလေးဘဝတွင် ဖခင်တစ်ဦးရှိနေခြင်းရဲ့တန်ဖိုးကို ပြောပြခဲ့တာဖြစ်ပြီး သူမရဲ့အသက်မွေးဝမ်းကြောင်း၊ ကိုယ်ရေးကိုယ်တာနဲ့ ပညာရေးလိုမျိုး စွမ်းဆောင်မှုတွေမှာ သားသမီးတွေရဲ့ဆုံးဖြတ်ချက်ဟာ မိဘတွေအပေါ် လွှမ်းမိုးနေတာဖြစ်ပါတယ်။

ဖခင်တစ်ယောက်ရှိနေခြင်း သို့မဟုတ် မရှိခြင်းဟာ သမီးဖြစ်သူရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး အနာဂတ်မှာပြုလုပ်မဲ့ရွေးချယ်မှုကို အတိအကျပုံဖော်နိုင်တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ ကြင်နာနွေးထွေးပြီး လုံခြုံမှုပေးနိုင်တဲ့ ဖခင်တစ်ယောက်ရှိနေတဲ့ သူတစ်ယောက်ဟာ သူ့ရဲ့လက်တွဲဖော်ကိုလည်း ရင်းနှီးနွေးထွေးမှုပေးနိုင်ပြီး သစ္စာရှိပေးမဲ့သူမျိုးကို ရှာဖွေတတ်တာပါ။ ချစ်ခင်ကြင်နာတတ်တဲ့ မိဘအုပ်ထိန်းမှုအောက်မှာ ကြီးပြင်းလာခဲ့ရတဲ့ အမျိုးသမီးတွေဟာ ကြင်နာတတ်တဲ့ လက်တွဲဖော်ကောင်းတစ်ယောက် ဖြစ်လာတာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုရှိကြတာ ဖြစ်ပါတယ်။ သူတို့တွေဟာ သူတို့ရဲ့ထင်မြင်ယူဆချက်တွေကို ဖော်ပြတတ်ခြင်း ဒါမှမဟုတ် မကောင်းတဲ့သူတွေကို ငြင်းဆိုဖို့ကို မကြောက်ရွံ့နေတတ်ပါဘူး။

သမီးမိန်းကလေးတစ်ဦးဟာ ငယ်စဉ်ကတည်းက ဖခင်မေတ္တာကိုရရှိပြီး ကြီးပြင်းလာခဲ့ရတဲ့အခါ သူကိုယ်တိုင်လည်း အေးချမ်းတဲ့ဆက်ဆံရေးကို ရှာဖွေဖို့ လိုလားတာဖြစ်ပါတယ်။ ဖခင်နဲ့ရင်းနှီးကျွမ်းဝင်မှုရှိခြင်းဟာ ဆယ်ကျော်သက်အရွယ် ချစ်သူရည်းစားထားတဲ့အခါ အမှားပြုလုပ်နိုင်မှုကို ကူညီကာကွယ်ပေးနိုင်တာလည်း ဖြစ်ပါတယ်။ ဒါက မိန်းကလေးတွေဟာ ယောက်ျားလေးတွေကြားထဲမှာတောင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီး သူတို့ကို ဘယ်သူကမှ အခွင့်ကောင်းယူဖို့ ခွင့်မပြုတတ်ကြပါဘူး။ ဒီလိုမိန်းကလေးတွေဟာ သူတို့ရဲ့လက်တွဲဖော်ကို တကူးတကလိုက်မရှာဘဲ သူတို့ရဲ့ဘဝအတွက် ကြိုးစားမှုတွေကို လုပ်ဆောင်တတ်ကြတာ ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d