Miao Sha ဟာ ခက်ခဲတဲ့အခြေအနေကြားမှာတောင် ကြိုးစားအားထုတ်နိုင်စွမ်းရှိတဲ့သူတစ်ယောက်ဖြစ်တာကြောင့် အရောင်းလုပ်ငန်းနယ်ပယ်တွင် ထိပ်တန်းတစ်ဦးဖြစ်နေခဲ့တာပါ။ တစ်ဖက်မှာတော့ သူမရဲ့ခင်ပွန်းဖြစ်သူ Fang Cheng ဟာ IT နယ်ပယ်တွင် နှစ်ပေါင်းများစွာအတွေ့အကြုံရှိတဲ့ သာမန်ဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။ ဒါပေမဲ့ ထင်မှတ်မထားတဲ့ အခြေအနေတစ်ခုကြောင့် Miao Sha ဟာ ရာထူးတိုးနိုင်တဲ့ အခွင့်အရေးကိုဆုံးရှုံးလိုက်ရပြီး အခြားဌာနတစ်ခုသို့ ပြောင်းရွှေ့ခဲ့ရတာဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ Fang Cheng ဟာ သူ့မိန်းမကိုထောက်ပံ့ပေးနိုင်ဖို့အတွက် အလုပ်ကြိုးစားရန် ဆုံးဖြတ်လိုက်ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် မိသားစုရဲ့အခြေအနေဟာ ရုတ်တရက်ပြောင်းလဲသွားခဲ့ပေမဲ့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ အတွေးအခေါ်တွေကို ပြောင်းလဲပစ်ဖို့ အခွင့်အရေးရလာခဲ့ပါတယ်။ သူတို့စုံတွဲဟာ သူတို့ရဲ့ရှေ့မှာရှိနေတဲ့ အတားအဆီးတွေကိုရင်ဆိုင်ကျော်ဖြတ်ရင်း အိမ်ထောင်ရေးရဲ့ စစ်မှန်တဲ့အနှစ်သာရကို နားလည်ဖို့ကြိုးစားကြပုံကို ကြည့်ရှုရမှာဖြစ်ပါတယ်။

‘အနွေးထွေးဆုံးရင်ခွင်’ တရုတ်ဒရာမာစီးရီးတွင် မင်းသမီး Yin Tao, Jiang Yan နဲ့ မင်းသား Sean Sun, Yuan Hong တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပြီး Ke Ying, Edward Ma, Zhang Lei, Jojo Chen, Yu Ming Jia, Dai Le Le နဲ့ အခြားသရုပ်ဆောင်များစွာက ပါဝင်ထားကြတာ ဖြစ်ပါတယ်။ အိမ်ထောင်ရေးဒရာမာဇာတ်လမ်းတွဲ ‘အနွေးထွေးဆုံးရင်ခွင်’ ကို မြန်မာစာတန်းထိုးဖြင့် https://www.viu.com/ott/mm/mya တွင် ကြည့်ရှုနိုင်ပါတယ်။