တဲလ်အဗဗ်မြို့ကဓာတ်ပုံဆရာမနီတဒီအော်ဟာအစ္စရေးမိန်းကလေးငယ် ၆ ဦးရဲ့ ဆယ်ကျော်သက်အရွယ် ငယ်ရွယ်ချိန်ကနေ အသက် ၂၀ အရွယ်ရောက်ချိန်မှာ ပြောင်းလဲသွားတဲ့ပုံရိပ်တွေကို အသက် ၁၅ နှစ်နဲ့ ၂၀ နှစ် အရွယ် ဓာတ်ပုံဖန်တီးမှုပရောဂျက်တစ်ခုအနေနဲ့ ဆောင်ရွက်ခဲ့ပါတယ်။ သူမဟာ ကနဦးဓာတ်ပုံရိုက်ကူးမှုတွေ ကို ၂၀၁၁ ခုနှစ်ကစတင်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ တူညီတဲ့မိန်းကလေးတွေကိုပဲ နောက်ဆက်တွဲဓာတ်ပုံ ရိုက် ကူးမှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ဓာတ်ပုံတွေထဲမှာတော့ မိန်းကလေးတွေဟာ ၅ နှစ်အတွင်း ဘယ်လောက် ရင့်ကျက်တည်ငြိမ်သွားလဲဆိုတာကို ဖော်ပြနေပါတယ်။
https://www.instagram.com/p/Bl2xrW6BfyE/embed/captioned/?cr=1&v=12&wp=540&rd=https%3A%2F%2F
ယှဉ်တွဲပြထားတဲ့ဓာတ်ပုံတွေဟာ မြင်ရသူအဖို့ အသစ်အဆန်းတွေတော့မဟုတ်ပါဘူး။ ဒါပေမယ့် ဓာတ်ပုံဆရာမ ဒီအော်က ဓာတ်ပုံတွေရိုက်ယူခဲ့ပြီးသူမရဲ့ကျွမ်းကျင်မှုနဲ့ ဓာတ်ပုံပညာဟာဘယ်လောက်အထိဆောင်ရွက်နိုင် တယ်ဆိုတာကိုဖော်ထုတ်ပြသနိုင်ခဲ့ပါတယ်။ ဓာတ်ပုံထဲမှာတော့ မိန်းကလေးတစ်ယောက်စီရဲ့ အိုက်တင်တွေ ကိုယ်နေဟန်ထားတွေ ၅ နှစ်အတွင်းဘယ်လိုပြောင်းလဲသွားလဲဆိုတာ စိတ်ဝင်စားဖွယ်မြင်တွေ့ရမှာပါ။
“ဓာတ်ပုံရိုက်ဖို့ မိန်းကလေးတွေကိုယ်တိုင်ပို့စ်ပေးတဲ့အခါ ၅နှစ်အတွင်းတစ်ဦးချင်းစီရဲ့ပြောင်းလဲမှုတွေကို မြင် တွေ့ရတာအတော်လေးအံ့သြဖို့ကောင်းပါတယ်။ အရွယ်ရောက်လာတဲ့ပုံတွေမှာမိန်းကလေးတွေဟာကိုယ့် ကိုယ်ကိုယ်ယုံကြည်မှုပိုရှိလာကြပြီးသူတို့ဘယ်လိုပုံစံ၊ စတိုင်လ်ရှိတယ်ဆိုတာဖုံးကွယ်ထားလိုစိတ်မရှိတာတွေ့ရပါတယ်” လို့ ဓာတ်ပုံဆရာမကရေးသားခဲ့ပါတယ်။ ဒီအော်ဟာ ၅နှစ်အတွင်းသူမဖန်တီးထားတဲ့ ဓာတ်ပုံပြပွဲကိုအစ္စရေးနိုင်ငံအပြင် နိုင်ငံခြားတွေမှာပါကျင်းပပြုလုပ်ခဲ့ပါတယ်။
တည်ငြိမ်ရင့်ကျက်တဲ့အသွင်နဲ့ ကေလာ (Kayla)

ပွင့်လင်းလွတ်လပ်လပ်တဲ့ အသွင်ပြောင်းလဲလာတဲ့ နာအိုမီ (Naomi)

ရဲရင့်ထက်မြက်တဲ့စတိုင်နဲ့ ဇဗ် (Ziv)

တည်ငြိမ်အေးချမ်းတဲ့အသွင်နဲ့ ဓန(Dana)

(၅)နှစ်အတွင်းပိုမိုလွတ်လပ်ပေါ့ပါးတဲ့ဟန်နဲ့ တိုင်ယာ (Tair)

KYM