အားလုံးသိပြီးသားဖြစ်ပြီး ပရိသတ်တွေကြားမှာ အရမ်းကိုပေါက်ခဲ့တဲ့ ‘F4 ချစ်သူ’ ကိုရီးယားဇာတ်လမ်းတွဲရဲ့ ဇာတ်ဝင်ခန်းအချို့ဟာ အခုအချိန်အထိ အင်တာနက်ပေါ်ပျံ့နှံ့နေဆဲဖြစ်ပြီး ပရိသတ်ရင်ထဲမှာလည်း အခုထိရှိနေတဲ့ ဇာတ်လမ်းတွဲကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်း ပိုရေပန်းစားရတဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ ချောမောလှပတဲ့ နာမည်ကြီးမင်းသား၊ မင်းသမီးတွေရဲ့ ပီပြင်လှတဲ့သရုပ်ဆောင်ချက်တွေကလည်း တစ်ချက်အပါအဝင်ဖြစ်ပါတယ်။

‘F4 ချစ်သူ’ ဇာတ်လမ်းတွဲထဲမှာ Lee Min Ho, Kim Hyun Joong, Kim Beom, Kim Jun စတဲ့ မင်းသားချောလေးယောက်နဲ့အတူ မင်းသမီးချော Ku Hye Seon က အဓိကပါဝင် သရုပ်ဆောင်ထားတာပါ။ KBS2 ကနေ ထုတ်လွှင့်ပြသပြီး ဒါရိုက်တာ Jeon Ki Sang ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းတွဲဟာ ဆယ်ကျော်သက်ကျောင်းသားဘဝ အချစ်ရိုမန့်စ်အကြောင်းကို ပုံဖော်ထားတာ ဖြစ်ပါတယ်။

စိတ်ကူးယဉ်အချစ်ဇာတ်လမ်းလေးက ဆင်းရဲတဲ့မိန်းကလေးတစ်ယောက်ဟာ အထက်တန်းစားတွေတက်ရောက်တဲ့ Shin Hwa High ကို တက်ရောက်ဖို့ဖြစ်လာခဲ့ပြီး ဒီကျောင်းရဲ့ အချမ်းသာဆုံးအသိုင်းအဝိုင်းမှ F4 လို့အများကခေါ်ကြတဲ့ ကျောင်းသားလေးယောက်ထဲမှ ခေါင်းဆောင်ဖြစ်သူရဲ့ အနိုင်ကျင့်မှုကိုခံခဲ့ရပါတယ်။ F4 ရဲ့ခေါင်းဆောင်က အနိုင်ကျင့်မှုကနေ တဖြည်းဖြည်းနဲ့ သူမကိုစိတ်ဝင်စားလာခဲ့တဲ့နောက်မှာတော့ အခြေအနေတွေက ပြောင်းလဲဖို့ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ သူမကတော့ ခေါင်းဆောင်ဖြစ်သူရဲ့ သူငယ်ချင်းကိုသာ စိတ်ဝင်စားနေခဲ့တာပါ။ ရှုပ်ထွေးတဲ့လူငယ်အချစ်ဇာတ်လမ်းမှာ သူမက ဘယ်သူ့ကိုရွေးချယ်သွားမှာလဲ။

လူငယ်ဆန်မှုနဲ့ စိတ်အပန်းဖြေပျော်ရွှင်မှုကို ပြန်လည်ခံစားကြည့်ဖို့ ဒရာမာဟောင်း ‘F4 ချစ်သူ’ ကို အခုပဲ https://www.viu.com/ott/mm/mya တွင် ဝင်ရောက်ကြည့်ရှုလိုက်ပါ။