‘ရွာကျော်မိကဲ’ ဟာသရုပ်ရှင် ဇာတ်ကားကြီးတွင် သရုပ်ဆောင် ရွှေမှုံရတီ၊ ထွန်းထွန်း၊ မေကဗျာ၊ ခန့်စည်သူ၊ မေသဉ္ဇာဦး၊ ဂွမ်းပုံနဲ့ အခြားသရုပ်ဆောင်များစွာက ပါဝင်ထားကြပြီး ဒါရိုက်တာ ပြည်ဟိန်းသီဟက ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဇာတ်လမ်းပုံစံက အိမ်အလုပ်လည်းမလုပ်တတ်ဘဲ အလှအပကိုသာ အာရုံရှိပြီး တစ်ရွာလုံးပတ်မွှေတတ်တဲ့ အလွဲလေးမိကဲရဲ့ ဇာတ်လမ်းလေးကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ရွာမှာဆို မိကဲတို့သားအမိနဲ့ အေးသီမတို့သားအမိတွေက အမြဲတမ်းပြိုင်ဘက်တွေဖြစ်ကြပြီး အေးသီမကိုအနိုင်ရဖို့ဆိုရင် မိကဲတစ်ယောက် ဘေထုတ်ဂါဝန်တစ်ထည်ကို ငွေငါးသောင်းနဲ့တောင် ဝယ်တတ်တာဖြစ်ပါတယ်။ ဒီလိုပြိုင်ဆိုင်ကြရင်း သားအမိတွေအနိုင်ရရေး ရွာကအုပ်ကြီးကို အမေနဲ့ပေးစားနိုင်ဖို့ ကြိုးစားကြပါတော့တယ်။

ပျော်ပျော်နေတတ်ပြီး အလွဲတွေလုပ်တတ်တဲ့ မိကဲရဲ့ဇာတ်လမ်းလေးနဲ့အတူ သူတို့ရဲ့အပြိုင်အဆိုင် မနာလိုမှုလေးတွေ၊ ရွာဓလေ့လေးတွေကို ဟာသဆန်ဆန်ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ ခဏတာစိတ်အပန်းပြေစေဖို့ ‘ရွာကျော်မိကဲ’ ဟာသရုပ်ရှင်ဇာတ်ကားကြီးကို https://www.viu.com/ott/mm/mya တွင် ဝင်ရောက်ကြည့်ရှုလိုက်ပါ။