Thursday, December 7, 2023
HomeEntertainmentတူညီတဲ့အမျိုးသားကိုမှ ချစ်မိသွားခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ရဲ့ကြားက အမုန်းတရားတွေကို ကြည့်ရှုရမဲ့ 'ဆူးများသောနှင်းဆီ'

တူညီတဲ့အမျိုးသားကိုမှ ချစ်မိသွားခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ရဲ့ကြားက အမုန်းတရားတွေကို ကြည့်ရှုရမဲ့ ‘ဆူးများသောနှင်းဆီ’

‘ဆူးများသောနှင်းဆီ’ ထိုင်းဒရာမာစီးရီးဟာ အမျိုးသမီးဒါရိုက်တာ Wilawan Sangkaphibal က ပုံဖော်ရိုက်ကူးထားတဲ့ အချစ်ဒရာမာဇာတ်လမ်းတွဲတစ်ခုပါ။ ဒီဇာတ်လမ်းတွဲမှာတော့ ဇာတ်ကောင် Nam အဖြစ် မင်းသမီး Pimprapa Tangprabhaporn နဲ့ ဇာတ်ကောင် Joy အဖြစ် မင်းသမီး Nicha Chokprajakchat တို့ကပါဝင်ထားကြပြီး New အဖြစ်တော့ မင်းသား Pachara Chirathivat တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။

image source: Viu

ဇာတ်လမ်းပုံစံက Nam နဲ့ Joy တို့ဟာ အကသမားတွေဖြစ်သလို အခင်ဆုံးသူငယ်ချင်းတွေလည်း ဖြစ်ကြပါတယ်။ ဒါပေမဲ့ သူမတို့နှစ်ဦးဟာ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်ပြီး မတူညီတဲ့အတွေးအခေါ်တွေ၊ ဘဝနေထိုင်မှုပုံစံတွေနဲ့ မတူညီတဲ့ယုံကြည်မှု ရှိနေကြတာပါ။ မတူညီမှုတွေများတဲ့ သူတို့သူငယ်ချင်းနှစ်ယောက်ရဲ့ကြားထဲမှာ တူညီတဲ့အရာတစ်ခုရှိလာခဲ့ပါတယ်။

image source: Viu

အဲဒါကတော့ ချောမောခံ့ညားတဲ့ New ဆိုတဲ့အမျိုးသားကို သူတို့နှစ်ယောက်လုံးက စိတ်ဝင်စားခဲ့ကြတာပဲ ဖြစ်ပါတယ်။ ပထမဆုံး New နဲ့တွေ့ဆုံခဲ့တဲ့ Nam ဟာ သူမရဲ့ခံစားချက်တွေကို လျှို့ဝှက်ထားနေစဉ်မှာပဲ အခြေအနေက ထင်မှတ်မထားစွာပြောင်းလဲသွားခဲ့ပြီး သူမစိတ်ဝင်စားနေမိတဲ့ အမျိုးသားနဲ့ သူမရဲ့အချစ်ဆုံးသူငယ်ချင်းတို့ဟာ ဆက်ဆံရေးရှိနေပြီဆိုတာကို သိလိုက်ရတာပါ။ ဒါပေမဲ့လည်း Nam တစ်ယောက် သူမရဲ့ခံစားချက်တွေကို ဆက်လက်ဖုံးကွယ်မထားနိုင်ခဲ့ဘဲ မလုပ်သင့်တာတွေကိုလုပ်မိရင်း အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ကြားက တင်းမာတဲ့အခြေအနေတွေ၊ မုန်းတီးမှုတွေ၊ နာကြည်းမှုတွေနဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို ကြည့်ရှုရမှာဖြစ်ပါတယ်။

image source: Viu

ပြင်းရှရှအချစ်တွေနဲ့ သူငယ်ချင်းတွေကြားက အမုန်းတရားတွေကို ကြည့်ရှုရမဲ့ ‘ဆူးများသောနှင်းဆီ’ ထိုင်းအချစ်ဒရာမာစီးရီးလေးကို https://www.viu.com/ott/mm/mya တွင် အခုပဲဝင်ရောက်ကြည့်ရှု ခံစားနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d