Jang Bong Hwan ဟာ အိမ်ပြာတော်ရဲ့ သမ္မတအိမ်တော်မှာ နိုင်ငံရဲ့ထိပ်တန်းနိုင်ငံရေးသမားတွေအတွက် ချက်ပြုတ်ပေးရတဲ့ စားဖိုမှူးတစ်ဦးဖြစ်ပါတယ်။ ပြင်းထန်တဲ့မတော်တဆမှုတစ်ခုပြီးနောက်တွင် မျှော်လင့်မထားဘဲ သူဟာ ကိုရီးယားရဲ့အတိတ်ခေတ်ဆီသို့ ရောက်ရှိသွားခဲ့ကာ မိဖုရား Kim So Yong ရဲ့ ခန္ဓာကိုယ်ထဲတွင် သူရောက်နေမှန်းသိခဲ့ရတာပါ။

မိဖုရား Kim So Yong ရဲ့ ခင်ပွန်းဖြစ်သူ ဘုရင် Cheol Jong ဟာ ဘုရင်အဖြစ် အုပ်ချုပ်စိုးစံနေပေမဲ့ တကယ်တမ်းမှာတော့ ကွယ်လွန်သူဘုရင် Sunjo ရဲ့ မိဖုရား Sun Won ကသာ ဘုရင် Cheol Jong ရဲ့ စိတ်သဘောထားကောင်းမှုကို အခွင့်ကောင်းယူကာ နယ်မြေကိုအုပ်ချုပ်နေခဲ့တာ ဖြစ်ပါတယ်။ သူမဟာလည်း အစ်ကိုဖြစ်သူ Kim Jwa Geun ထံမှ ပြိုင်ဆိုင်မှုတွေကို ရင်ဆိုင်နေရတာပါ။ လက်ရှိပစ္စုပ္ပန်ခေတ်ကနေ အတိတ်သို့ မမျှော်လင့်ဘဲရောက်ရှိလာခဲ့တဲ့ Jang Bong Hwan တစ်ယောက် သူ့ရဲ့ပင်ကိုယောက်ျားဗီဇကိုဖုံးကွယ်ပြီး မိဖုရားတစ်ပါးလို သိမ်မွေ့မှုတွေ ရှိမနေခဲ့သလို ဘုရင် Cheol Jong က လျှို့ဝှက်ချက်အချို့ ဖုံးကွယ်ထားကြောင်းကိုလည်း သိရှိလာခဲ့ရပါတယ်။ ဘုရင်နဲ့ မိဖုရားရဲ့ကြားမှာ ဘယ်လိုမျိုးအလွဲလေးတွေနဲ့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ကြည့်ရှုရမဲ့ နန်းတွင်း အချစ်ဟာသဇာတ်လမ်းတွဲလေးတစ်ခုပဲ ဖြစ်ပါတယ်။

‘ကျွန်တော်က မိဖုရား’ ဆိုတဲ့ ကိုရီးယားဒရာမာဇာတ်လမ်းတွဲတွင် မင်းသမီး Shin Hye Sun နဲ့ မင်းသား Kim Jung Hyun တို့က အဓိကပါဝင်ထားကြပြီး Bae Jong Ok, Kim Tae Woo, Jo Yun Hee, Seol In Ah နဲ့ အခြားသရုပ်ဆောင်များစွာက ပါဝင်အားဖြည့်ထားကြပါတယ်။ ‘ကျွန်တော်က မိဖုရား’ နန်းတွင်း အချစ်ဟာသဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya တွင် မြန်မာစာတန်းထိုးဖြင့် ကြည့်ရှုနိုင်ပါတယ်။