‘နေ့ခင်းရဲ့လမင်း’ ဒရာမာဇာတ်လမ်းတွဲဟာ မင်းသမီး Pyo Ye-jin, မင်းသား Kim Young-dae, On Joo-wan, Jung Woong-in နဲ့ Lee Geung-young တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ တောင်ကိုရီးယားရဲ့ ထုတ်လွှင့်နေဆဲစီးရီးတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ Naver တွင်ထုတ်ဝေခဲ့တဲ့ အမည်တူ webtoon ကို အခြေခံရိုက်ကူးထားတာပါ။

ဇာတ်လမ်းပုံစံက Han Joon Oh ဟာ တောင်ကိုရီးယားရဲ့ ထိပ်တန်းအနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ အရမ်းကိုကြည့်ကောင်းပြီး ချောမောခံ့ညားတဲ့အသွင်အပြင်ကို ပိုင်ဆိုင်ထားပေမဲ့လည်း သူ့ကိုအမြဲတမ်း မလုံခြုံဘူးလို့ခံစားရစေတဲ့ သိမ်ငယ်မှုတစ်ခုက လိုက်နှောင့်ယှက်နေခဲ့တာပါ။ တစ်နေ့မှာတော့ ရိုက်ကူးရေးတစ်ခုပြုလုပ်ရာတွင် အမှားအယွင်းဖြစ်သွားခဲ့ပြီး Han Joon Oh ဟာ အသက်ဆုံးရှုံးနိုင်တဲ့ ကားမတော်တဆမှုတစ်ခုတွင် ပါဝင်ခဲ့ပါတယ်။

မီးသတ်သမားတစ်ဦးဖြစ်တဲ့ Kang Young Hwa ရဲ့ သူရဲကောင်းဆန်တဲ့ကယ်တင်မှုကြောင့်သာ Han Joon Oh က အသက်ဆက်ရှင်ခွင့်ရခဲ့တာပါ။ အဲဒီနောက်မှာတော့ Han Joon Oh ရဲ့ကိုယ်စားလှယ်တွေက Kang Young Hwa ကို ကြယ်ပွင့်ရဲ့ကိုယ်ရံတော်အဖြစ်လုပ်ကိုင်ရန် ငှားရမ်းခဲ့ပြီး သူမရဲ့မယုံနိုင်စရာကောင်းလှတဲ့ အရည်အချင်းတွေကို အသိအမှတ်ပြုခဲ့ကြပါတယ်။ Han Joon Oh တစ်ယောက် ဆေးရုံပေါ်တွင် လန့်နိုးပြီးသတိရလာချိန်တွင် သူ့ခန္ဓာကိုယ်ဟာ ရှေးခေတ်အထက်တန်းလွှာတစ်ယောက်ရဲ့ဝိညာဉ် ပူးကပ်ခြင်းခံထားရတာကြောင့် လုံးဝကိုပြောင်းလဲသွားခဲ့ပါတယ်။ Do Ha လို့အမည်ရတဲ့ ဒီဝိညာဉ်ပိုင်ရှင်ဟာ သူ့ရဲ့ချစ်ဇနီး Han Ri Ta ရဲ့သတ်ဖြတ်ခြင်းကို ခံခဲ့ရတာကြောင့် လက်စားချေချင်တဲ့စိတ်တစ်ခုသာ ရှိနေခဲ့ပါတယ်။
စိတ်ကူးယဉ် သည်းထိတ်ရင်ဖို အချစ်ဇာတ်လမ်းတွဲလေး ‘နေ့ခင်းရဲ့လမင်း’ ကို https://www.viu.com/ott/mm/mya တွင် ကိုရီးယားနဲ့အပြိုင် ကြည့်ရှုခံစားနိုင်ပါတယ်။