Wednesday, October 4, 2023
HomeEntertainmentနာမည်ကြီး မင်းသား၊ မင်းသမီးချောတွေများစွာပါဝင်ထားတဲ့ ကိုးရီးယား Reality show ‘Young Actor’s Retreat’

နာမည်ကြီး မင်းသား၊ မင်းသမီးချောတွေများစွာပါဝင်ထားတဲ့ ကိုးရီးယား Reality show ‘Young Actor’s Retreat’

တောင်ကိုးရီးယားရဲ့ reality show တစ်ခုဖြစ်တဲ့ ‘Young Actor’s Retreat’ အစီအစဉ်က television director Kim Seong-yoon မှ စီစဉ်ထားတဲ့ ဖျော်ဖြေရေးအစီအစဉ်တစ်ခု ဖြစ်ပါတယ်။ ဒါရိုက်တာ Kim ဟာ Love in the Moonlight (2016), Itaewon Class (2020), The Sound of Magic (2022) နဲ့ တခြားသော နာမည်ကြီးဇာတ်လမ်းတွဲတွေကို ရိုက်ကူးခဲ့သူ တစ်ယောက်ပါ။

Instagram

ဒီ reality show မှာတော့ နာမည်ကြီးအနုပညာရှင်များစွာက အတူတူပူးပေါင်းကာ ဂိမ်းတွေဆော့တာ၊ ခရီးသွားခြင်း၊ မိတ်ဆွေသူငယ်ချင်းသစ်တွေ ဖန်တီးခြင်းနဲ့ ကြည်နူးဖွယ်အမှတ်တရလေးတွေကို အတူတူဖန်တီးကြမှာဖြစ်ပါတယ်။

ရှိုးမှာတော့ တောင်ကိုးရီးယားရဲ့ နာမည်ကြီးထိပ်တန်း အနုပညာရှင်များစွာက ပါဝင်ထားကြတာဖြစ်ပြီး ‘Love in the Moonlight’ ရဲ့ အဖွဲ့သားတွေအဖြစ် မင်းသား Park Bo-gum, Jung Ji-young, Kwak Dong-yeon, မင်းသမီး Kim Yoo-jung, Chae Soo-bin တို့ကပါဝင်ထားတာ ဖြစ်ပါတယ်။ ‘Itaewon Class’ team မှာတော့ မင်းသား Park Seo-joon, Ahn Bo-hyun, Ryu Kyung-soo, မင်းသမီး Kwon Nara, နဲ့ Lee Joo-young တို့ကပါဝင်ထားပြီး ‘The Sound of Magic’ အဖွဲ့သားတွေဖြစ်ကြတဲ့ မင်းသား Ji Chang-wook, Hwang In-youp, မင်းသမီး Choi Sung-eun, Ji Hye-won, နဲ့ Kim Bo-yoon တို့ကလည်း အသီးသီးပါဝင်ထားကြပါတယ်။

pinterest

‘Young Actor’s Retreat’ အစီအစဉ်ရဲ့ ပထမဆုံးသောအပိုင်းသစ်ကို September 9, 2022 တွင်စတင် ထုတ်လွှင့်ပြသခဲ့တာဖြစ်ပါတယ်။ ငယ်ရွယ်နုပျိုတဲ့ အနုပညာရှင်တွေရဲ့ ပျော်ရွှင်စရာအခိုက်အတန့်လေးတွေနဲ့ ကြည်နူးဖွယ်အမှတ်တရလေးတွေကို ပြသထားတဲ့ ‘Young Actor’s Retreat’ အစီအစဉ်ဟာ ပရိသတ်တွေကို အကြိုက်တွေ့စေမှာဖြစ်တာကြောင့် သေချာပေါက်စောင့်ကြည့်သင့်တဲ့ အစီအစဉ်တစ်ခုပါ။   

‘Young Actor’s Retreat’ reality show အပိုင်းသစ်တွေကို https://www.viu.com/ott/mm/mya/all/ တွင် မြန်မာစာတန်းထိုးဖြင့် ကြည့်ရှုနိုင်ပါတယ်နော်။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: