ကိုးရီးယားဇာတ်လမ်းတွဲ Criminal Minds တွင် မင်းသား Son Hyun-joo, Lee Joon-gi, Kim Yeong-cheol, မင်းသမီး Moon Chae-won, Yoo Sun, Lee Sun-bin, နဲ့ Go Yoon တို့က အဓိကပါဝင်ထားကြပါတယ်။ ဒီစီးရီးဟာ အမေရိကန်ရုပ်သံစီးရီး Criminal Minds ကို အခြေခံကာ ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး 2017 ခုနှစ်တည်းက ထွက်ရှိထားခဲ့တဲ့ ဇာတ်လမ်းတွဲဟောင်းတစ်ခုပဲ ဖြစ်ပါတယ်။

ဒရာမာရဲ့ဇာတ်လမ်းပုံစံက အမှုတွေကိုဖြေရှင်းရန် ရာဇဝတ်ကောင်တွေကို ခြေရာခံသည့် National Criminal Investigation (NCI) အဖွဲ့ရဲ့ လေ့ကျင့်ပေးထားတဲ့ အဖွဲ့ဝင်တွေရဲ့အကြောင်းကို နောက်ခံထားရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဆေးရုံတစ်ရုံတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး SWAT အရာရှိအများအပြားသေဆုံးသွားခဲ့ပါတယ်။
ဒီဖြစ်စဉ်ကြောင့် NCI အဖွဲ့ခေါင်းဆောင် Kang Ki-hyung ရဲ့ယုံကြည်မှုတွေ ပျက်ယွင်းသွားခဲ့ပြီး အလုပ်ကနေ ခေတ္တအနားယူခဲ့ပါတယ်။ အချိန်အတော်ကြာအနားယူပြီးနောက် အလုပ်ပြန်ဆင်းတဲ့အချိန်မှာ NCI အဖွဲ့ဟာ ဒေသခံရဲဌာနရဲ့ အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့နဲ့ပူးပေါင်းကာ လူသတ်မှုဖြစ်စဉ်တွေကို ကိုယ်တွယ်ဖြေရှင်းကြပုံကို ကြည့်ရှုရမှာပါ။

Criminal Minds ဇာတ်လမ်းတွဲတွင် Kang Ki-hyung အဖြစ် မင်းသားကြီး Son Hyun-joo က NCI ရဲ့အဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်ထားတာဖြစ်ပြီး သူဟာ သိပ်နွေးထွေးတဲ့သူတစ်ယောက်လို့မထင်ရပေမယ့် သူ့ရဲ့ဒုတိယမိသားစုအဖြစ် သတ်မှတ်ထားတဲ့ သူ့ရဲ့အဖွဲ့အပေါ် နက်နက်ရှိုင်းရှိုင်းဂရုစိုက်တတ်သူတစ်ယောက် ဖြစ်ပါတယ်။ မင်းသား Lee Joon-gi ကိုတော့ ဇာတ်ကောင် Kim Hyun-joon အဖြစ်မြင်တွေ့ရမှာဖြစ်ပြီး ရဲအရာရှိတစ်ဦးဖြစ်ကာ Kang Ki-hyung ရဲ့ထောက်ခံချက်ဖြင့် NCI အဖွဲ့ထဲသို့ ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ သူဟာ ငယ်စဉ်ကလေးဘဝတုန်းက ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကြောင့် ရာဇဝတ်ကောင်တွေကို မုန်းတီးနေသူဖြစ်ကာ ငဲ့ညှာမှုမရှိဘဲ ပြတ်သားတဲ့ဗီဇဖြင့် တုံ့ပြန်တတ်သူတစ်ယောက်ပါ။
မင်းသမီးချော Mon Chae-won က Ha Sun-woo အဖြစ်ပါဝင်ထားပြီး အရင်ကရဲအရာရှိတစ်ဦးဖြစ်ခဲ့ဖူးတဲ့ သူမဟာ အခုအချိန်မှာတော့ NCI ရဲ့ behavior analyst အဖြစ် လုပ်ကိုင်နေသူတစ်ယောက်အဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကွင်းဆက်လူသတ်မှုတွေနောက်ကွယ်က တရားခံကို ဘယ်လိုမျိုးပူးပေါင်းဖော်ထုတ်သွားကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် မှုခင်းအက်ရှင်ဇာတ်လမ်းတွဲကောင်းတစ်ခု ဖြစ်ပါတယ်။
Criminal Minds ကိုးရီးယားဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါတယ်။