Thursday, December 7, 2023
HomeEntertainmentဖြစ်ချင်တဲ့အိပ်မက်တွေကို ဇွဲမလျှော့ဘဲကြိုးစားရင်း ဘဝခရီးကိုလျှောက်လှမ်းကြသူနှစ်ဦးရဲ့ ဇာတ်လမ်းလေး 'စီအီးအိုအိပ်မက်'

ဖြစ်ချင်တဲ့အိပ်မက်တွေကို ဇွဲမလျှော့ဘဲကြိုးစားရင်း ဘဝခရီးကိုလျှောက်လှမ်းကြသူနှစ်ဦးရဲ့ ဇာတ်လမ်းလေး ‘စီအီးအိုအိပ်မက်’

‘စီအီးအိုအိပ်မက်’ တရုတ်ဒရာမာဇာတ်လမ်းတွဲတွင် Lin Geng Xin, Tan Song Yun, Liu Chang, Su Xin, Wang Xiu Zhu, Gong Bei Bi တို့က ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Yao Ting Ting က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။

image source: Viu

Ning Meng ဟာ ရင်းနှီးမြှုပ်နှံမှု ဒါရိုက်တာတစ်ဦးဖြစ်ဖို့ အိပ်မက်တွေရှိခဲ့ပေမဲ့ ဘွဲ့ရပြီးကတည်းကသူမရဲ့အိပ်မက်တွေဟာ အဝေးကိုလွင့်မျောသွားပုံရပါတယ်။ လက်ရှိမှာတော့ သူမဟာ Lu Ji Ming လက်အောက်ရှိ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုတွင် လုပ်ကိုင်နေကာ သူမရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကို အဆင့်မြှင့်တင်ရန်အတွက် တစ်ကြိမ်မှအခွင့်အရေးမရခဲ့ပါဘူး။ Ning Meng ဟာ အရည်အချင်းပြည့်မီတဲ့ ရင်းနှီးမြှုပ်နှံသူဖြစ်လာဖို့ မဖြစ်နိုင်ဘူးလို့ ယုံကြည်ခြင်းနဲ့အတူ Lu Ji Ming က သူမကိုမပြီးပြတ်နိုင်တဲ့ အလုပ်တစ်ခုဖြင့် ချည်နှောင်ထားခဲ့ပါတယ်။

image source: Viu

နောက်ဆုံးမှာတော့ ဒါကိုငြီးငွေ့လာခဲ့တဲ့ Ning Meng ဟာ အခြားနေရာမှာ အလုပ်ရှာဖို့ အချိန်ရောက်ပြီလို့ ဆုံးဖြတ်လိုက်ပါတယ်။ အလုပ်သစ်ရှာဖွေရာမှာ သူမအတွက် အခက်အခဲများစွာရှိနေပေမဲ့ သူမကတော့ လုံးဝအရှုံးမပေးခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုတွင် သူမအလုပ်ရခဲ့ပြီး Lu Ji Ming ဆီကနေ သင်ယူခဲ့ရတဲ့အရာတွေကို ဒီအလုပ်သစ်မှာ အသုံးချခဲ့ပါတယ်။ Lu Ji Ming ကတော့ Ning Meng ကို ဘေးကနေတိတ်တဆိတ်ကူညီပေးရင်း ထက်မြက်တဲ့ပရော်ဖက်ရှင်နယ်တစ်ယောက် ဖြစ်လာတာကိုကြည့်ရင်းနဲ့ သူကိုယ်တိုင်လည်း သင်ခန်းစာအချို့ကို သင်ယူခဲ့ရပါတယ်။

‘စီအီးအိုအိပ်မက်’ တရုတ်ဒရာမာဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya တွင် ကြည့်ရှုခံစားနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d