Thursday, December 7, 2023
HomeEntertainmentဖြစ်သင့်တာတွေကို ရွေးချယ်ခဲ့တဲ့နောက်ဆက်တွဲရလဒ်အဖြစ် ရှုပ်ထွေးတဲ့အချစ်ရေးခရီးကို ကြည့်ရှုရမဲ့ 'နက်နက်ရှိုင်းရှိုင်းအချစ်'

ဖြစ်သင့်တာတွေကို ရွေးချယ်ခဲ့တဲ့နောက်ဆက်တွဲရလဒ်အဖြစ် ရှုပ်ထွေးတဲ့အချစ်ရေးခရီးကို ကြည့်ရှုရမဲ့ ‘နက်နက်ရှိုင်းရှိုင်းအချစ်’

Renee ဟာ သူမရဲ့ရည်းစားဟောင်း Punpun က ယောက်ျားတစ်ယောက်ကြောင့် သူမကိုပစ်ထားခဲ့တာကြောင့် အသည်းကွဲနေတဲ့ လိင်တူချစ်သူတစ်ယောက် ဖြစ်ပါတယ်။ Nart ကလည်း သူ့ကိုယ်သူ ဂေးတစ်ယောက်ဆိုတာကို သိနေပေမဲ့လည်း Ranee က သူ့ကိုလက်ထပ်ဖို့ဆုံးဖြတ်လိုက်တဲ့အခါ သူ့အပေါ်ထားတဲ့ သူမရဲ့အချစ်က အရာအားလုံးကိုပြေလည်စေလိမ့်မယ်လို့ Nart ယုံကြည်ခဲ့ပါတယ်။ Ranee က အားလုံးကိုအလျှော့ပေးပြီး အချစ်မှာကန့်သတ်ချက်တွေရှိနေကြောင်းကို လက်ခံခဲ့ပါတယ်။ နောက်ပြီး တတိယလူဖြစ်တဲ့ Songpol ကိုလည်း သူတို့ရဲ့အိမ်မှာ နေခွင့်ပေးထားခဲ့တာပါ။

image source: Viu

‘နက်နက်ရှိုင်းရှိုင်းအချစ်’ စီးရီးဟာ LGBT အသိုင်းအဝိုင်းအကြောင်းကို ပုံဖော်ရိုက်ကူးပြသထားတဲ့ ထိုင်းဒရာမာစီးရီးတစ်ခုဖြစ်ပြီး သူတို့ရဲ့ခံစားချက်တွေကို လွန်ဆန်ပြီး ဖြစ်သင့်တယ်လို့ယူဆထားတဲ့ အရာတွေကို ရွေးချယ်ခဲ့ကြတဲ့နောက်မှာ ဘယ်လိုရှုပ်ထွေးမှုတွေဖြစ်ပေါ်လာမလဲ၊ သူတို့တကယ်ပဲ ပျော်ရွှင်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမဲ့ အချစ်ဇာတ်လမ်းတွဲကောင်းတစ်ခု ဖြစ်ပါတယ်။

image source: Viu

‘နက်နက်ရှိုင်းရှိုင်းအချစ်’ ထိုင်းအချစ်ဒရာမာစီးရီးကို Tanwarin Sukkhapisit က ရိုက်ကူးပုံဖော်ထားပြီး မင်းသမီး Apinya Sakuljaroensuk က အဓိကပါဝင်ထားကာ မင်းသမီး Punyapat Wangpongsathaporn, မင်းသား Naphat Vikairungroj, Mondop Heamtan နဲ့ Nattaraht Maurice Legrand တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ‘နက်နက်ရှိုင်းရှိုင်းအချစ်’ ထိုင်းအချစ်ဒရာမာဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya တွင် ဝင်ရောက်ကြည့်ရှုခံစားနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d