‘နှလုံးလှ ဟန်ဧကရီ’ တရုတ်စီးရီးဟာ နန်းတွင်းအချစ်ဒရာမာဇာတ်လမ်းတစ်ခုဖြစ်ပြီး ဇာတ်ညွှန်း Mui Siu Ching က ရေးသားထားကာ ဒါရိုက်တာ Lau Ka Ho က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲတွင် သရုပ်ဆောင်တွေအနေနဲ့ Raymond Lam, Wang Luo Dan, Jeremy Tsui, Niki Chow, Shen Tai, Sally Chen နဲ့ သရုပ်ဆောင်များစွာက ပါဝင်အားဖြည့်ထားကြတာပါ။

ဇာတ်လမ်းပုံစံက နိမ့်ကျတဲ့ အစေခံသမီးတစ်ဦးဖြစ်သူ Wei Zi Fu ဟာ လှပပြီး ကျက်သရေရှိသူတစ်ယောက်ပါ။ နောက်ပိုင်းတွင် သူမဟာ မင်းသမီး Ping Yang ကို ဖျော်ဖြေပေးဖို့ ခေါ်ယူခံလိုက်ရတဲ့အချိန်မှာ ဧကရာဇ် Wu Liu Che အပါအဝင် နန်းတွင်းရဲ့အာရုံကို ချက်ချင်းဖမ်းစားထားနိုင်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ Zi Fu ဟာ မင်းကြီး Liu Che ရဲ့ ချစ်လှစွာသောဧကရီတစ်ပါး ဖြစ်ခွင့်ရလာခဲ့ကာ သူမရဲ့ဘဝဟာ မမျှော်လင့်ဘဲ လုံးဝကိုပြောင်းလဲသွားခဲ့ရပါတယ်။ Zi Fu ရဲ့ဖြူစင်မှုနဲ့ သန့်ရှင်းမှုတွေက ရည်ရွယ်ချက်တွေနဲ့ပြည့်နှက်နေတဲ့ နန်းတွင်းသူတွေနဲ့ အထက်တန်းစားလူ့အဖွဲ့အစည်းကြားတွင်
ဆက်လက်ရှင်သန်နိုင်ပါ့မလား။

နန်းတွင်းအချစ်ဒရာမာစီးရီး ‘နှလုံးလှ ဟန်ဧကရီ’ တရုတ်ဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya တွင် အခုပဲ ဝင်ရောက်ကြည့်ရှုခံစားနိုင်ပါတယ်။