Thursday, December 7, 2023
HomeEntertainmentမိခင်ကိုရှာဖွေဖို့ အမြွှာဖြစ်သူအစ်ကိုအဖြစ်ဟန်ဆောင်ရင်း ဖြစ်ပေါ်လာတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေး 'ကိုလူချောရဲ့ချစ်သံစဉ်'

မိခင်ကိုရှာဖွေဖို့ အမြွှာဖြစ်သူအစ်ကိုအဖြစ်ဟန်ဆောင်ရင်း ဖြစ်ပေါ်လာတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေး ‘ကိုလူချောရဲ့ချစ်သံစဉ်’

‘ကိုလူချောရဲ့ချစ်သံစဉ်’ ကိုရီးယားဇာတ်လမ်းတွဲလေးဟာ 2009 ခုနှစ်ကတည်းက ထွက်ရှိထားခဲ့ပြီး ပရိသတ်တွေအကြိုက်တွေ့ခဲ့ရတဲ့ ဒရာမာတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးဟာ ဂီတ၊ အချစ်၊ ဟာသ ဒရာမာအမျိုးအစားဖြစ်ပြီး Jang Geun Suk, Park Shin Hye, Jung Yong Hwa, Lee Hong Ki, Uee, Kim In Kwon နဲ့ အခြားသရုပ်ဆောင်တွေ ပါဝင်ထားကြပါတယ်။

image source: Viu

အိုင်ဒေါလ်အဖွဲ့တစ်ခုဖြစ်တဲ့ A.N.JELL ရဲ့ အေဂျင်စီကနေ အဖွဲ့ရဲ့အဓိကအဆိုရှင် Tae Kyung အသံနာနေတာကြောင့် အဖွဲ့တွင် အဆိုတော်အသစ်တစ်ဦးကိုထည့်သွင်းရန် အခိုင်အမာပြောကြားထားခဲ့ပါတယ်။ ဒါပေမဲ့ အဖွဲ့ဝင်သစ် Mi Nam ဟာ စာချုပ်မချုပ်ဆိုရခင်မှာ အလုပ်ကိစ္စတစ်ခုကြောင့် အမေရိကသို့ထွက်သွားခဲ့ရတာ ဖြစ်ပါတယ်။

image source: Viu

အေဂျင်စီကနေ ဘယ်လိုမှမတတ်နိုင်တဲ့အဆုံးမှာတော့ သူ့ရဲ့အမြွှာညီမဖြစ်သူ Mi Nyu ကို သူ့အစ်ကိုလိုမျိုးဟန်ဆောင်ပေးဖို့ စိတ်ကူးရခဲ့ပါတယ်။ သူတို့မောင်နှမဟာ မိဘမဲ့ဂေဟာတွင် ကြီးပြင်းလာခဲ့ကြသူတွေဖြစ်ပြီး Mi Nyu က သီလရှင်လုပ်ရန် ဆုံးဖြတ်ထားခဲ့တဲ့သူပါ။ ဒါပေမဲ့ အစ်ကိုဖြစ်သူရဲ့ အောင်မြင်ကျော်ကြားမှုဖြင့် မိခင်ဖြစ်သူကို ပိုလွယ်ကူစွာရှာဖွေနိုင်မဲ့ အခွင့်အရေးကို မဆုံးရှုံးစေချင်တာကြောင့် အေဂျင်စီရဲ့တောင်းဆိုချက်ကို လိုက်လျောပေးဖို့ သီလရှင်လုပ်ခါနီး Mi Nyu တစ်ယောက် သဘောတူလိုက်ပါတယ်။ အားလုံးရဲ့အမြင်မှာ ယောက်ျားလေးတစ်ဦးအဖြစ် ဟန်ဆောင်ထားခဲ့တဲ့ Mi Nyu တစ်ယောက် ဘာတွေဆက်ဖြစ်မလဲ၊ သူမရဲ့ဘဝတွေက ဘယ်လိုမျိုးအချိုးအကွေ့တွေနဲ့ တွေ့ကြုံရမလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းပြေစေမဲ့ ‘ကိုလူချောရဲ့ချစ်သံစဉ်’ ကိုရီးယားဒရာမာဇာတ်လမ်းတွဲဟောင်းလေးကို ပြန်လည်ကြည့်ရှုချင်တဲ့ပရိသတ်တွေအတွက် https://www.viu.com/ott/mm/mya တွင် ကြည့်ရှုခံစားနိုင်ပါတယ်နော်။

RELATED ARTICLES
- Advertisment -

Most Popular

%d