Thursday, December 7, 2023
HomeEntertainmentမိန်းကလေးတစ်ဦးရဲ့ပျောက်ဆုံးမှုနဲ့ဆက်နွယ်နေတဲ့ လူခုနစ်ဦးရဲ့ လျှို့ဝှက်သည်းထိတ်ရင်ဖိုဇာတ်လမ်း ‘The Escape of the Seven’

မိန်းကလေးတစ်ဦးရဲ့ပျောက်ဆုံးမှုနဲ့ဆက်နွယ်နေတဲ့ လူခုနစ်ဦးရဲ့ လျှို့ဝှက်သည်းထိတ်ရင်ဖိုဇာတ်လမ်း ‘The Escape of the Seven’

image source: pinterest

‘The Escape of the Seven’ ဒရာမာဇာတ်လမ်းတွဲဟာ Um Ki-joon, Hwang Jung-eum, Lee Joon, Lee Yu-bi, Shin Eun-kyung, Yoon Jong-hoon, Jo Yoon-hee နဲ့ Jo Jae-yoon စတဲ့ နာမည်ကြီးသရုပ်ဆောင်တွေ ပါဝင်ထားတဲ့ ကိုရီးယားကလဲ့စားဒရာမာ အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ မိန်းကလေးတစ်ဦးပျောက်ဆုံးသွားမှုတွင် ပါဝင်ပတ်သက်နေတဲ့ အဓိကဇာတ်ကောင်ခုနစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးပုံဖော်ထားတာပါ။

image source: pinterest

ဒီဇာတ်လမ်းတွဲတွင် မိုဘိုင်းပလက်ဖောင်းသူဌေး၊ ဒရာမာထုတ်လုပ်ရေးကုမ္ပဏီ စီအီးအို၊ တစ်ချိန်က ဂန်းစတားဟောင်း၊ အိုင်ဒေါလ်ဖြစ်ချင်သူတစ်ဦး၊ OB-GYN ဆရာဝန်၊ ဖျော်ဖြေရေးအေဂျင်စီ စီအီးအိုနဲ့ ကျောင်းအနုပညာဆရာတစ်ဦးစတဲ့ ဇာတ်ကောင်ခုနစ်ယောက်ရဲ့ ပတ်သက်မှုကို မြင်တွေ့ရမှာဖြစ်ပါတယ်။ သူတို့ခုနစ်ယောက်ဟာ ပျောက်ဆုံးနေတဲ့ မိန်းကလေးရဲ့ အရှုပ်တော်ပုံထဲတွင် ပါဝင်ပတ်သက်မိပြီး သူတို့ရဲ့ကံကြမ္မာကနေ လွတ်မြောက်ဖို့ကြိုးစားကြပုံကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာ ဖြစ်ပါတယ်။

image source: pinterest

ဒီလက်စားချေမှုဇာတ်လမ်းတွင် လျှို့ဝှက်ချက်တွေ၊ လိမ်ညာမှုတွေနဲ့ လောဘစိတ်ဆန္ဒတွေကြားထဲမှာ နစ်မြုပ်နေကြတဲ့ လူတွေရဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး  သည်းထိတ်ရင်ဖို၊ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပရိသတ်ကို အဆုံးထိဆွဲခေါ်သွားပေးမဲ့ ဒရာမာတစ်ခုပဲ ဖြစ်ပါတယ်။ လက်ရှိ ကိုရီးယားတွင် ထုတ်လွှင့်ပြသနေဆဲဖြစ်တဲ့ ‘The Escape of the Seven’ ဒရာမာဇာတ်လမ်းတွဲကို ကိုရီးယားနဲ့အပြိုင် https://www.viu.com/ott/mm/mya တွင် မြန်မာစာတန်းထိုးဖြင့် ကြည့်ရှုနိုင်ပါပြီ။

RELATED ARTICLES
- Advertisment -

Most Popular

%d