Thursday, December 7, 2023
HomeEntertainmentမိဖုရားနဲ့ သက်တော်စောင့်တို့ရဲ့ အမှန်တရားအတွက် တိုက်ပွဲဝင်ကြမဲ့ ဇာတ်လမ်းလေး 'မိဖုရားတစ်ပါးရဲ့ ဂုဏ်သိက္ခာ'

မိဖုရားနဲ့ သက်တော်စောင့်တို့ရဲ့ အမှန်တရားအတွက် တိုက်ပွဲဝင်ကြမဲ့ ဇာတ်လမ်းလေး ‘မိဖုရားတစ်ပါးရဲ့ ဂုဏ်သိက္ခာ’

‘မိဖုရားတစ်ပါးရဲ့ ဂုဏ်သိက္ခာ’ ဟာ လျှို့ဝှက်ဆန်းကြယ် သည်းထိတ်ရင်ဖို ဒရာမာဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး 2018 ခုနှစ်တွင် ကိုရီးယားနိုင်ငံဟာ သက်ဦးဆံပိုင်ဘုရင်စနစ်ဖြင့်အုပ်ချုပ်တဲ့ နိုင်ငံတစ်ခုဖြစ်ကာ Oh Sunny ဟာ ဧကရာဇ်မင်းမြတ်နဲ့ လက်ထပ်ထားတဲ့ ထက်မြက်တဲ့ဂီတသရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ သူမဟာ နန်းတော်ရဲ့ အာဏာလွန်ဆွဲပွဲနဲ့ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာ၊ ပျော်ရွှင်မှုတွေကို ရှာဖွေနေစဉ်မှာပဲ သက်ဦးဆံပိုင်ဘုရင်စနစ်ကို ခြိမ်းခြောက်တဲ့ လျှို့ဝှက်ဆန်းကြယ်လူသတ်မှုတစ်ခုတွင် ပါဝင်ပတ်သက်လာခဲ့ပါတယ်။

image source: Viu

သူမဟာ ဧကရာဇ်မိသားစုရဲ့ပြစ်မှုတွေကို ဖော်ထုတ်ရန်အတွက် တော်ဝင်မိသားစုသက်တော်စောင့်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Na Wang Shik နဲ့ လက်တွဲခဲ့ပါတယ်။ Na Wang Shik ဟာ သူ့မိခင်သေဆုံးမှုတွင် ပါဝင်ပတ်သက်နေသူကို လက်စားချေနိုင်ဖို့အတွက် နန်းတော်ထဲဝင်ရောက်လာကာ လက်စားချေဖို့ ကြိုးစားနေခဲ့တာပါ။ ရည်မှန်းချက်တူညီနေတဲ့ သူတို့နှစ်ယောက်ရဲ့အကြံအစည်တွေက အောင်မြင်နိုင်ပါ့မလား၊ အင်အားကြီးမားတဲ့ တော်ဝင်မိသားစုရဲ့ပြစ်မှုတွေကို ဖော်ထုတ်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာပါ။

image source: Viu

‘မိဖုရားတစ်ပါးရဲ့ ဂုဏ်သိက္ခာ’ ဆိုတဲ့ ကိုရီးယားဇာတ်လမ်းတွဲတွင် Jang Na Ra, Shin Sung Rok, Choi Jin Hyuk, Lee Elijah, Shin Eun Kyung, Yoon So Yi နဲ့ တခြားသရုပ်ဆောင်များစွာက ပါဝင်ထားကြကာ Kim Soon Ok က ဇာတ်ညွှန်းရေးသားထားပြီး ဒါရိုက်တာ Joo Dong Min က ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ‘မိဖုရားတစ်ပါးရဲ့ ဂုဏ်သိက္ခာ’ ဒရာမာဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya တွင် ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d