အထက်တန်းကျောင်းသား Eun Gyeol ဟာ အကြားအာရုံချို့တဲ့နေတဲ့ မိဘတွေနဲ့နေထိုင်သူဖြစ်ပြီး သူ့ဆီမှာ ဂီတပါရမီပါလာခဲ့တာ ဖြစ်ပါတယ်။ သူဟာနေ့ဘက်တွင် စံပြကျောင်းသားတစ်ဦးဖြစ်ပေမဲ့ ညဘက်မှာတော့ တီးဝိုင်းတစ်ခုတွင် ဂီတာတီးလေ့ရှိတာပါ။ တစ်နေ့မှာတော့ သူဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ ဂီတတူရိယာဆိုင်တစ်ဆိုင်သို့ သွားရောက်လည်ပတ်ရင်း 1995 ခုနှစ်ဆီကို ထူးဆန်းစွာ အချိန်ခရီးသွားဖြစ်ခဲ့ပါတယ်။ အဲဒီနေရာမှာတော့ Eun Gyeol ဟာ အထက်တန်းကျောင်းသားဘဝတုန်းက သူ့အဖေ Ha Yi-Chan နဲ့ တွေ့ဆုံခဲ့ရတာဖြစ်ပြီး သူ့ရဲ့အဖေဖြစ်လာမဲ့သူဟာ Seowon အနုပညာအထက်တန်းကျောင်းရဲ့ Cello Goddess အဖြစ် လူသိများတဲ့ Choi Se-Kyung ရဲ့အချစ်ကို ရယူဖို့ကြိုးစားနေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ သူမဟာ Yi-Chan ရဲ့ အနာဂတ်မိခင်ဖြစ်လာမဲ့သူတော့ဟုတ်မနေခဲ့ပါဘူး။ အဲဒီနောက်မှာတော့ Eun Gyeol ဟာ ဖခင်ရဲ့တီးဝိုင်းမှာ ပါဝင်ဖို့ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ Eun Gyeol တစ်ယောက် သူ့ရဲ့အနာဂတ်မိဘတွေကို ကူညီပေးဖို့ဖြစ်နိုင်မလား၊ သူလာခဲ့တဲ့ 2020 ခုနှစ်ကိုရော ပြန်သွားနိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမဲ့ လူငယ်၊ အချစ် စိတ်ကူးယဉ်ဒရာမာ အမျိုးအစားဖြစ်ပါတယ်။

‘Twinkling Watermelon’ ဒရာမာကို ဒါရိုက်တာ Son Jong-hyun က ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး Ryeoun, Choi Hyun-wook, Seol In-ah နဲ့ Shin Eun-soo တို့က အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ထုတ်လွှင့်ပြသနေဆဲ ကိုရီးယားဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya တွင် မြန်မာစာတန်းထိုးဖြင့် ကိုရီးယားနဲ့အပြိုင် ကြည့်ရှုနိုင်ပါပြီ။