မိသားစုတွင် မိခင်ဖြစ်သူက ကွာရှင်းရန်လျှောက်ထားစဉ်မှာပဲ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံလိုက်ရပါတယ်။ ဒါကြောင့် လက်ရှိမှာတော့ ဒီမိသားစုဝင်အားလုံးဟာ သံသယရှိသူတွေ ဖြစ်လာခဲ့ကြပါတယ်။ Lee Cheol Soo ဟာ သမီးသုံးယောက်ရဲ့ဖခင်တစ်ဦးဖြစ်ပြီး စည်းမျဉ်း၊ စည်းကမ်းတွေနဲ့ပတ်သက်လာရင် တင်းကျပ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါကြောင့်သူဟာ အရွယ်ရောက်ပြီးတဲ့ သမီးသုံးယောက်နဲ့ ရင်းနှီးစွာမနေထိုင်တတ်ပါဘူး။

ဒီမိသားစုတွင် Lee Kwang Nam ဟာ အကြီးဆုံးသမီးဖြစ်ပြီး သူမဟာ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတတ်ပြီး တစ်ကိုယ်ကောင်းဆန်တတ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမဟာ မိခင်ဖြစ်သူထံက ခြွင်းချက်မရှိတဲ့ချစ်ခြင်းမေတ္တာကို ရရှိခဲ့သူဖြစ်တာကြောင့် သူမက ဖခင်ဖြစ်သူကိုတော့ သဘောမကျခဲ့ပါဘူး။ သူမရဲ့စိတ်ထဲတွင် ဖခင်ဖြစ်သူက သူမရဲ့အမေကို ဒုက္ခတွေအများကြီးပေးခဲ့တယ်လို့ စွဲထင်နေခဲ့ပါတယ်။ Lee Kwang Shik ကတော့ ဒုတိယမြောက်သမီးဖြစ်ပြီး ပြည်သူ့ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူဖြစ်ပါတယ်။ သူမဟာ ထက်မြက်ပြီးစည်းကမ်းရှိသူဖြစ်ကာ မိဘတွေဆီက ချစ်ခြင်းမေတ္တာကို ကောင်းမွန်စွာမရရှိခဲ့ပေမဲ့ တခြားသူတွေအပေါ် စာနာတတ်သူတစ်ယောက် ဖြစ်ပါတယ်။

အငယ်ဆုံးသမီးဖြစ်သူ Lee Kwang Tae ကတော့ ကိုယ်ခံပညာကျွမ်းကျင်သူဖြစ်ပြီး အချိန်ပြည့်အလုပ်မရှိတာကြောင့် အချိန်ပိုင်းအလုပ်တွေကိုသာ လုပ်ကိုင်နေခဲ့တာဖြစ်ကာ အိမ်ထောင်ရေးကို စိတ်မဝင်စားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ Han Ye Seul ဟာ Lee Kwang Shik ရဲ့ချစ်သူဖြစ်ပြီး နာမည်ကြီးတစ်ယောက်ဖြစ်လာရန် ငယ်စဉ်ကတည်းက သူ့ရဲ့အိပ်မက်ကြောင့် အထက်တန်းကျောင်းမှထွက်ကာ ဆိုးလ်သို့ပြောင်းရွှေ့လာခဲ့တဲ့ စိတ်ကူးယဉ်အဆိုတော်တစ်ယောက် ဖြစ်ပါတယ်။ သူဟာ တစ်ချိန်တည်းမှာပဲ ယောက်ျားဆန်သလို စိတ်ထိခိုက်လွယ်သူလည်းဖြစ်ကာ သူ့ရဲ့ဂီတာစွမ်းရည်နဲ့ ဟာသဉာဏ်က သူ့ကိုပိုဆွဲဆောင်မှုရှိစေပါတယ်။ သူတို့ရဲ့မိသားစုထဲမှာ တကယ်ပဲ မိခင်ဖြစ်သူကိုသတ်ခဲ့တဲ့ တရားခံရှိနေခဲ့တာလား၊ သူတို့တွေ ဒီပြဿနာတွေကို ဘယ်လိုမျိုးကိုင်တွယ် ဖြေရှင်းသွားကြမလဲဆိုတာကို ကြည့်ရှုရမဲ့ မိသားစုဒရာမာတစ်ခုပဲ ဖြစ်ပါတယ်။
အချစ်ဟာသဒရာမာဇာတ်လမ်းတွဲ ‘ညီအစ်မများရဲ့တိုက်ပွဲ’ တွင် Yoon Joo Sang, Hong Eun Hee, Jeon Hye Bin, Go Won Hee, Kim Kyung Nam, Lee Bo Hee နဲ့ တခြားသရုပ်ဆောင်များစွာက ပါဝင်ထားကြတာ ဖြစ်ပါတယ်။ မိသားစုတွေကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ ရယ်စရာအလွဲလေးတွေကို ရိုက်ကူးပြသထားတဲ့ အဆိုပါဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya တွင် အခုပဲဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။