2022 ခုနှစ်ကထွက်ရှိထားခဲ့တဲ့ ‘ဝိညာဉ်လွင့်ဒေါက်တာ’ ဇာတ်လမ်းတွဲဟာ ဆေးဘက်ဆိုင်ရာ သဘာဝလွန်စိတ်ကူးယဉ် ဟာသဒရာမာတစ်ခုဖြစ်ပြီး Kim Eun Hee က ဇာတ်ညွှန်းရေးသားထားကာ ဒါရိုက်တာ Boo Sung Chul က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ မင်းသား Rain, Kim Bum, မင်းသမီး Uee, Son Na Eun တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပြီး Sung Dong Il, Tae In Ho နဲ့ အခြားသရုပ်ဆောင်များစွာက ပါဝင်အားဖြည့်ထားကြတာ ဖြစ်ပါတယ်။

ဇာတ်လမ်းပုံစံက Cha Young Min ဟာ တကယ့်ကိုတော်တဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပြီး ခွဲစိတ်မှုတွေကိုလည်း သူ့ရဲ့အရမ်းကိုထူးချွန်တဲ့စွမ်းရည်တွေဖြင့် ကိုင်တွယ်နိုင်တာပါ။ ဒါပေမဲ့ သူဟာ မာနကြီးပြီး တစ်ကိုယ်ကောင်းဆန်သူလည်း ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူဟာ ကားမတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး သူ့ရဲ့ဝိညာဉ်ဟာ တခြားဆရာဝန်တစ်ယောက်ဖြစ်တဲ့ Seung Tak ရဲ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပူးကပ်နိုင်စွမ်း ရနေခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးရဲ့ အကျင့်စရိုက်နဲ့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုတွေကလည်း လုံးဝကိုဆန့်ကျင်ဘက်တွေဖြစ်ပါတယ်။

Young Min ဟာ မာနကြီးပြီး သွေးအေးတဲ့သူတစ်ယောက်ဖြစ်ကာ သူ့ရဲ့အသက်မွေးဝမ်းကြောင်း အလုပ်ကလွဲရင် သူ့လူနာတွေရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကိုလည်း ဂရုမစိုက်တတ်သူဖြစ်ပါတယ်။ Seung Tak ကတော့ အရမ်းကိုကံကောင်းတဲ့သူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အဖိုးဖြစ်သူဟာ Myung-shin ဆေးရုံကိုတည်ထောင်သူဖြစ်ကာ အမေဖြစ်သူကတော့ ဆေးရုံရဲ့ဥက္ကဋ္ဌဖြစ်ပါတယ်။ ဘယ်တုန်းကမှ ဆရာဝန်ကောင်းတစ်ယောက် ဖြစ်လာဖို့စိတ်မကူးခဲ့တဲ့ Seung Tak ရဲ့ ခန္ဓာကိုယ်ထဲကို ပါရမီရှင်ဆရာဝန် Young Min ရဲ့ ဝိညာဉ်ဝင်ရောက်သွားချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဟာသဆန်စွာကြည့်ရှုရမဲ့ ဒရာမာကောင်းတစ်ခုပဲ ဖြစ်ပါတယ်။
‘ဝိညာဉ်လွင့်ဒေါက်တာ’ ကိုရီးယားဒရာမာ ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya တွင် ကြည့်ရှုခံစားနိုင်ပါတယ်။