‘သူ မချစ်တဲ့ ကိုယ်’ အချစ်ဒရာမာဇာတ်လမ်းတွဲကို ဇာတ်ညွှန်း၊ ဒါရိုက်တာ Ko Jae Hong က ရိုက်ကူးပုံဖော်ထားပြီး Han Ji Hyo, Kim Do Young, Kwon Ah Reum, a.mond, Son Hyun Woo နဲ့ Kim Ji Hoon တို့က ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ ဒီအချစ်ဒရာမာလေးရဲ့ ဇာတ်လမ်းပုံစံက Seo Hee Soo ဟာ ကျောင်းတွင်နာမည်အကြီးဆုံး မိန်းကလေးတစ်ယောက် မဟုတ်ခဲ့ပေမဲ့ သူမ ဒီအတွက် စိတ်အနှောင့်အယှက်လုံးဝမဖြစ်ခဲ့ပါဘူး။ Hee Soo ရဲ့ဘဝမှာ လူသိများကျော်ကြားမှုထက် ပြီးပြည့်စုံတဲ့ တေးရေးဆရာတစ်ယောက်ဖြစ်လာဖို့ကိုသာ အရေးတကြီးစိတ်ပူနေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ သူမဘဝအတွက် ကောင်လေးတစ်ယောက်ကို ရှာဖွေတဲ့အချိန်မျိုးမှာ လူကြိုက်မများတာက အားနည်းချက်တစ်ခုဖြစ်တယ်ဆိုတာကိုတော့ သူမဝန်ခံမိတာပါ။ တစ်ခါမှရည်းစားမထားခဲ့ဖူးတဲ့ Hee Soo ဟာ ချစ်သူတစ်ယောက်လောက်လိုချင်ပေမဲ့ ချစ်သူဘယ်လိုရှာရမလဲဆိုတာကို မသိခဲ့တာဖြစ်ပါတယ်။ ယောက်ျားလေးတွေနဲ့ပတ်သက်ပြီး အတွေ့အကြုံလုံးဝမရှိသလို ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလည်းနည်းတဲ့ Hee Soo တစ်ယောက် ကောင်လေးရဖို့ဆိုတာ မဖြစ်နိုင်လောက်ပါဘူး။

ဒါပေမဲ့ ဘယ်သူ့ကိုမဆို တစ်လလောက်ချစ်မိသွားအောင်လုပ်နိုင်တဲ့ အစွမ်းရှိတဲ့မှော်စာအုပ်တစ်အုပ်ကို သူမ ရလိုက်တဲ့အချိန်မှာတော့ ဒါတွေအားလုံးဟာ ပြောင်းလဲသွားခဲ့ရပါတယ်။ ဒီလျှို့ဝှက်ချက်ကို သူမရဲ့အချစ်ဆုံးသူငယ်ချင်း Jung Shi Ho သိသွားတဲ့အချိန်မှာတော့ အရမ်းကိုထိတ်လန့်သွားခဲ့တာပါ။ ယောက်ျားလေးတွေကြားထဲမှာ Hee Soo ဟာ ရုတ်တရက်နာမည်ကြီးလာခဲ့တာကြောင့် သူမရဲ့အတန်းဖော် Park Se Jin က Hee Soo ရဲ့လျှို့ဝှက်ချက်ကို အရမ်းသိချင်စိတ်ပြင်းပြလာခဲ့ပါတယ်။ အခုအချိန်မှာ Hee Soo အတွက် ယောက်ျားလေးတွေတန်းစီနေတာဖြစ်ကာ သူမက ဒီနောက်ဆက်တွဲပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ပါ့မလား၊ သူမရဲ့လျှို့ဝှက်ချက်တွေကိုရော ဆက်လက်ထိန်းသိမ်းထားနိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာပါ။ ‘သူ မချစ်တဲ့ ကိုယ်’ ဒရာမာဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya တွင် အခုပဲဝင်ရောက်ကြည့်ရှုလိုက်ပါ။