Yoon Hae Joon ဟာ ပြည်တွင်းသတင်းထောက်တစ်ဦးအဖြစ် အသက်မွေးဝမ်းကြောင်းပြုနေသူဖြစ်ပြီး အေးဆေးရိုးသားသူတစ်ယောက်ဖြစ်ကာ လူအများအပေါ် ကြင်နာတတ်သူလည်း ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ Baek Yoo Young က စာရေးဆရာမဖြစ်ဖို့ အိပ်မက်ရှိသူဖြစ်ပေမဲ့ သူမကိုယ်သူမ ထောက်ပံ့နိုင်ဖို့အတွက် ထုတ်ဝေရေးကုမ္ပဏီတစ်ခုတွင် အလုပ်ဝင်ရောက်လုပ်ကိုင်နေသူဖြစ်ပြီး အလုပ်ကြောင့် ဖိစီးမှုများစွာကိုခံနေရပါတယ်။ တစ်နေ့မှာတော့ Baek Yoo Young က သူမဘဝကိုပြောင်းလဲသွားစေမဲ့ ထိတ်လန့်စရာကိစ္စတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

Yoon Hae Joon နဲ့ Baek Yoo Young တို့ဟာ အချိန်နောက်ပြန်သွားကာ 1987 ခုနှစ်သို့ တစ်နည်းနည်းဖြင့် ရောက်ရှိသွားခဲ့ကြပါတယ်။ အဲဒီနေရာမှာတော့ Yoon Hae Joon က လူသတ်မှုဖြစ်စဉ်ရဲ့နောက်ကွယ်က အမှန်တရားကိုရှာဖွေဖို့ကြိုးစားခဲ့ကာ Baek Yoo Young က သူမမိဘတွေကို လက်မထပ်နိုင်အောင်တားဆီးဖို့ ကြိုးစားခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ပန်းတိုင်တွေက လုံးဝဆက်စပ်မှုမရှိဘူးလို့ထင်ရပေမဲ့ သူတို့ရဲ့ရည်မှန်းချက်တွေက ချိတ်ဆက်မှုရှိနေကြောင်းကို သိလာခဲ့ကြတာပါ။

လျှို့ဝှက်ဆန်းကြယ် အချစ်ဒရာမာဇာတ်လမ်းတွဲ ‘ဆုံမိသော သူစိမ်းတစ်ယောက်’ (My Perfect Stranger) ကို ဒါရိုက်တာ Kang Soo Yeon နဲ့ Lee Woong Hee တို့က ရိုက်ကူးပုံဖော်ထားပြီး Kim Dong Wook, Jin Ki Joo, Seo Ji Hye, Lee Woo Jung, Lee Ji Hyun, Lee Kyu Hoe တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ‘ဆုံမိသော သူစိမ်းတစ်ယောက်’ ကိုရီးယားဒရာမာဇာတ်လမ်းတွဲကို မြန်မာစာတန်းထိုးအပြည့်အစုံဖြင့် https://www.viu.com/ott/mm/mya တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။