Thursday, December 7, 2023
HomeEntertainmentရှေးခေတ် ကိုရီးယားလူချောလေးတွေရဲ့ ရဲရင့်မှုနဲ့အချစ်ဇာတ်လမ်းကိုကြည့်ရှုရမဲ့ 'ဒဏ္ဍာရီသူရဲကောင်းလေးများ'

ရှေးခေတ် ကိုရီးယားလူချောလေးတွေရဲ့ ရဲရင့်မှုနဲ့အချစ်ဇာတ်လမ်းကိုကြည့်ရှုရမဲ့ ‘ဒဏ္ဍာရီသူရဲကောင်းလေးများ’

‘ဒဏ္ဍာရီသူရဲကောင်းလေးများ’ ဒရာမာဟာ ဒါရိုက်တာ Yoon Sung Shik နဲ့ Kim Young Jo တို့က ရိုက်ကူးပုံဖော်ထားပြီး ဇာတ်ညွှန်း Park Eun Young ရေးသားထားတဲ့ နန်းတွင်း အချစ်ဟာသ အက်ရှင်ဒရာမာအမျိုးအစား ဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ ထိပ်တန်းမင်းသားချောတွေဖြစ်တဲ့ Park Seo Joon, Park Hyung Sik, Choi Min Ho, Do Ji Han နဲ့ မင်းသမီးချော Go Ah Ra, Seo Yea Ji နဲ့ တခြားသရုပ်ဆောင်များစွာက ပါဝင်အားဖြည့်ထားကြတာ ဖြစ်ပါတယ်။

image source: Viu

ဇာတ်လမ်းပုံစံက Hwarang အနည်းငယ်ရဲ့ နာမည်တွေကသာ သမိုင်းတွင် မှတ်တမ်းတင်ခံထားရကာ ဒီကနေ့ခေတ်မှာတော့ Hwarang တွေ အကြောင်းကို အမှန်တကယ်သိတဲ့သူတွေ သိပ်မရှိကြတော့ပါဘူး။ သူတို့တွေ ဘယ်လိုစတင်ခဲ့ကြတာလဲ၊ ခေတ်ဟောင်းကိုရီးယားသုံးနိုင်ငံ ပေါင်းစည်းရေးဗဟိုချက်တွင် ဒီရုပ်ရည်ချောမောတဲ့အမျိုးသားတွေက ဘာတွေလုပ်ခဲ့ကြတာလဲ။

image source: Viu

ဒီဇာတ်လမ်းတွဲလေးဟာ ဒီမေးခွန်းတွေရဲ့အဖြေကို ပေးနိုင်ဖို့မျှော်လင့်ပြီး လွန်ခဲ့တဲ့ ခြောက်ရာစုလူငယ်တွေရဲ့ ဘဝက ဘယ်လိုမျိုးလဲဆိုတာကို ပုံဖော်ထားကာ သူတို့ရဲ့ခင်မင်ရင်းနှီးမှုနဲ့ ချစ်ခြင်းမေတ္တာအကြောင်း ပြောပြထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ‘ဒဏ္ဍာရီသူရဲကောင်းလေးများ’ ဒရာမာဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya တွင် အခုပဲကြည့်ရှုခံစားလိုက်ပါ။

RELATED ARTICLES
- Advertisment -

Most Popular

%d