Thursday, December 7, 2023
HomeEntertainmentလက်စားချေဖို့ကြိုးစားရင်း ချစ်မိသွားကြမဲ့ အချစ်ဇာတ်လမ်းလေး 'ကျွန်မကနှင်းဆီပါ‌ မောင်'

လက်စားချေဖို့ကြိုးစားရင်း ချစ်မိသွားကြမဲ့ အချစ်ဇာတ်လမ်းလေး ‘ကျွန်မကနှင်းဆီပါ‌ မောင်’

‘ကျွန်မကနှင်းဆီပါ‌ မောင်’ ဇာတ်ကားဟာ 2015 ခုနှစ်က ရုံတင်ပြသခဲ့တဲ့ မြန်မာရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီး ဆရာမပုညခင်ရေးသားတဲ့ အမည်တူဝတ္ထုကို အခြေခံကာ ဒါရိုက်တာဝိုင်းက ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားတွင် အဓိကသရုပ်ဆောင်တွေအဖြစ် နေတိုးနဲ့ ဖွေးဖွေး တို့က ပါဝင်ထားကြတာပါ။

ဇာတ်လမ်းပုံစံက အရမ်းကိုချမ်းသာကြွယ်ဝတဲ့မျိုးရိုးရဲ့ အမွေဆက်ခံသူ ထားသခင်ဟာ ရွှေဇွန်းကိုက် မွေးဖွားလာခဲ့သူဖြစ်တာကြောင့် အရမ်းကိုမောက်မာရိုင်းစိုင်းနေတတ်သူ တစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့အဘွားဖြစ်သူက သူမမျက်နှာလေးတစ်ချက်မညှိုးရအောင် ဖူးဖူးမှုတ်အလိုလိုက်ထားတာကြောင့် ဆိုးချင်တိုင်းဆိုးနေခဲ့ပါတယ်။ ခွန်းသကတော့ ထားသခင်တို့ပိုင်ဆိုင်တဲ့ ပြင်ဦးလွင်ခြံကြီးတွင် ခြံစောင့်အဖြစ်လုပ်ကိုင်နေတဲ့ အဘိုးဖြစ်သူနဲ့အတူနေထိုင်နေတဲ့ ရိုးရိုးအေးအေးကောင်လေးတစ်ယောက် ဖြစ်ပါတယ်။

youtube.com

ထားသခင်တို့ ပြင်ဦးလွင်လာလည်တဲ့အချိန်မှာ ခွန်းသနဲ့ဆုံဖို့ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ ထားသခင်ဟာ ခွန်းသအပေါ် နည်းလမ်းမျိုးစုံနဲ့ အနိုင်ကျင့်စော်ကားသမျှကို အဘိုးရဲ့ဆုံးမစကားကြောင့် ခေါင်းငုံ့ခံခဲ့ရပါတယ်။ ဒါပေမဲ့ ကံကြမ္မာဆိုတာ အမြဲတမ်းတစ်ပတ်ပြန်လည်စမြဲမို့ နှစ်အတော်ကြာတဲ့အချိန်မှာ ဖခင်ဆုံးပါးပြီး အသုံးအဖြုန်းကြီးလွန်းတဲ့ ထားသခင်ဟာ ထားခဲ့သမျှအမွေတွေကို အကုန်သုံးစွဲပစ်လိုက်တာကြောင့် ဆင်းရဲမွဲတေတဲ့ဘဝကို ရောက်ခဲ့ရပါတယ်။ တိုက်အိမ်ကြီးပေါ်ကနေ အဆောင်ငှားနေရတဲ့ဘဝကို ရောက်သွားခဲ့ပေမဲ့ မောက်မာတတ်တဲ့ သူမရဲ့အကျင့်စရိုက်တွေကတော့  ပျောက်မသွားခဲ့ဘဲ ပတ်ဝန်းကျင်နဲ့လည်း အဆင်မပြေဖြစ်ခဲ့ရပါတယ်။

viu.com

အခန်းဖော်တစ်ယောက်ရဲ့အကူအညီဖြင့် အထက်စီးဆန်လွန်းတဲ့ ထားသခင်တစ်ယောက် ဖိနပ်အရောင်းဆိုင်မှာ အလုပ်လုပ်ဖို့ဖြစ်လာခဲ့ရတာပါ။ ဒါပေမဲ့ တစ်ဖက်မှာတော့ ခွန်းသဟာ သူ့ရဲ့ကြိုးစားအားထုတ်မှုတွေကြောင့် ငယ်ငယ်ကနဲ့မတူဘဲ လူချမ်းသာတစ်ယောက်ဖြစ်လာခဲ့ပြီး မထင်မှတ်ဘဲ ထားသခင်နဲ့ ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။ ငယ်ငယ်က သူ့ကိုအနိုင်ကျင့်စော်ကားခဲ့တာတွေကို မမေ့နိုင်သေးတဲ့ ခွန်းသဟာ ထားသခင်ကိုပြန်လည်လက်စားချေဖို့ သူ့ရဲ့အိမ်မှာ ဖိနပ်စီးပေးရတဲ့ အလုပ်သမားအဖြစ် ခန့်လိုက်ပါတော့တယ်။ သူတို့နှစ်ယောက်ကြားမှာ အစပြုခဲ့တဲ့ အမုန်းတရားတွေကနေ အချစ်တွေအဖြစ် တဖြည်းဖြည်းပြောင်းလဲလာပုံကို ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ‘ကျွန်မကနှင်းဆီပါ‌ မောင်’ ဇာတ်ကားကို https://www.viu.com/ott/mm/mya တွင် ကြည့်ရှုခံစားနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d