ရိုတာတွေပဲကြည့်နေရလို့ ရိုးအီနေပြီလို့ထင်နေတဲ့ ပရိသတ်တွေအတွက် ခံစားချက်အသစ်အဆန်းတွေကို ပေးစွမ်းမယ့် K-drama အချို့နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီဒရာမာတွေက အချစ်ဇာတ်လမ်းပုံစံမျိုးမဟုတ်ဘဲ လျှို့ဝှက်နက်နဲတဲ့ ဇာတ်လမ်းတွေနဲ့ မှုခင်းဇာတ်လမ်းပုံစံမျိုးကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွေဖြစ်လို့ ပရိသတ်ရဲ့စိတ်ဝင်စားမှုအာရုံကို အဆုံးထိဆွဲခေါ်သွားပေးနိုင်မှာ ဖြစ်ပါတယ်။
The Veil

‘The Veil’ ဇာတ်လမ်းတွဲဟာ Namkoong Min, Park Ha-sun နဲ့ Kim Ji-eun တို့အဓိကပါဝင်ထားတဲ့ ဇာတ်လမ်းတွဲဖြစ်ပြီး ဇာတ်ညွှန်းဆရာ Park Seok-oh က ရေးသားထားတာဖြစ်ပါတယ်။ ဒီဇာတ်ညွှန်းဟာ 2018 MBC ဒရာမာဇာတ်ညွှန်းပြိုင်ပွဲတွင် အနိုင်ရရှိထားခဲ့တာလည်းဖြစ်ပြီး ဇာတ်လမ်းပုံစံကတော့ Han Ji-Hyuk (Namkoong Min) ဟာ NIS ရဲ့ အတော်ဆုံးအေးဂျင့်တစ်ယောက် ဖြစ်ခဲ့ဖူးပြီး တစ်စုံတစ်ယောက်ရဲ့ သစ္စာဖောက်မှုကြောင့် သူ့ရဲ့ဘဝဟာ အဆိုးဆုံးအခြေအနေသို့ ရောက်ရှိသွားခဲ့တာပါ။ တစ်နှစ်အကြာမှာတော့ Han Ji-Hyuk ဟာ ဒီသစ္စာဖောက်ကို ရှာဖွေဖို့အတွက် NIS သို့ ပြန်သွားခဲ့တာဖြစ်ကာ သူ့ကိုခုလိုမျိုးဖြစ်အောင်လုပ်ခဲ့တဲ့ နောက်ကွယ်ကကြိုးကိုင်သူကို ဘယ်လိုမျိုးဖော်ထုတ်သွားမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် အက်ရှင်ဇာတ်လမ်းတွဲကောင်းတစ်ခုပဲ ဖြစ်ပါတယ်။
Flower of Evil

Flower of Evil ဒရာမာမှာတော့ Lee Joon-gi, Moon Chae-won, Jang Hee-jin, နဲ့ Seo Hyun-woo တို့အဓိကပါဝင်ထားခဲ့တာဖြစ်ပြီး 2020 တွင် ထုတ်လွှင့်ပြသခဲ့တဲ့ ဇာတ်လမ်းတွဲဟောင်း တစ်ခုပဲ ဖြစ်ပါတယ်။ မင်းသား Lee Joon-gi နဲ့ မင်းသမီး Moon Chae-won တို့ဟာ ‘Criminal Minds’ တွင် အရင်ကပါဝင်သရုပ်ဆောင်ခဲ့ဖူးပြီး နှစ်နှစ်အကြာတွင် ပြန်လည်တွေ့ဆုံခဲ့တဲ့ ဒရာမာလည်းဖြစ်ပါတယ်။ ဇာတ်လမ်းပုံစံက Baek Hee-sung (Lee Joon-gi) ဟာ သူ့ရဲ့ဇနီးဖြစ်သူ Cha Ji-won (Moon Chae-won) ကို သူ့ရဲ့အတိတ်နဲ့ သူဟာစုံထောက်တစ်ဦးဖြစ်တယ်ဆိုတာကို ဖုံးကွယ်ထားခဲ့တာပါ။ လူတွေရဲ့အမြင်မှာတော့ သူတို့ဟာ ခြောက်နှစ်အရွယ်သမီးလေးတစ်ယောက်နဲ့အတူ ပြီးပြည့်စုံတဲ့မိသားစုလေးတစ်ခု ဖြစ်ပါတယ်။ Cha Ji-won နဲ့ သူမရဲ့လုပ်ဖော်ကိုင်ဖက်က ရှုပ်ထွေးတဲ့ လူသတ်မှုတွေအကြောင်း လိုက်စုံစမ်းမိရာက သူမရဲ့ယောက်ျားဟာ တစ်ခုခုကိုဖုံးကွယ်ထားတယ်ဆိုတာကို သိခဲ့ရပါတယ်။ သူတို့ရဲ့မိသားစုလေးက ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်။
Happiness

Happiness ဒရာမာမှာတော့ Han Hyo-joo, Park Hyung-sik, နဲ့ Jo Woo-jin တို့က အဓိကပါဝင်ထားတာဖြစ်ပြီး Studio Dragon က ထုတ်လုပ်ထားတဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်းတွဲဟောင်းတစ်ခု ဖြစ်ပါတယ်။ လူအချို့သောက်သုံးနေတဲ့ ဆေးဝါးတစ်မျိုးဟာ side effect အနေနဲ့ စိတ်ဖောက်ပြန်ခြင်း အရူးရောဂါလို့ခေါ်တဲ့ ကမ္ဘာတစ်ဝှမ်း ကူးစက်ရောဂါကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ကူးစက်ခံရသူတွေဟာ ဖုတ်ကောင်အခြေအနေသို့ရောက်ရှိသွားပြီး လူသားတွေကနေ ဘယ်လိုမျိုးပြန်လည်တိုက်ခိုက်ခုခံပြီး အသက်ရှင်ရပ်တည်ကြမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်လမ်းပဲ ဖြစ်ပါတယ်။
L.U.C.A.: The Beginning

မင်းသား Kim Rae-won နဲ့ မင်းသမီး Lee Da-hee အဓိကပါဝင်ထားတဲ့ L.U.C.A.: The Beginning ဇာတ်လမ်းတွဲဟာ 2021 က ထုတ်လွှင့်ပြသခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းပုံစံက Zi O (Kim Rae-won) ဟာ အထူးစွမ်းအားတွေကို ပိုင်ဆိုင်ထားသူဖြစ်ပြီး သူဟာဘယ်သူလဲဆိုတာကို သူကိုယ်တိုင်တောင် မသိပါဘူး။ သူဟာ သူ့ပတ်ဝန်းကျင်မှာဖြစ်ပေါ်နေတဲ့ မေးခွန်းပေါင်းများစွာအတွက် အဖြေကိုလိုက်ရှာနေခဲ့ပါတယ်။ Ha Neul-ae-goo-reum (Lee Da-hee) ဟာ စုံထောက်တစ်ယောက်ဖြစ်ပြီး သူမလုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့အရာတွေကို ဘယ်လိုကိစ္စပဲရှိရှိ ဖြစ်မြောက်အောင် လုပ်ဆောင်တတ်သူတစ်ယောက်ပါ။ သူမဟာ သူမမိဘတွေရဲ့ ပျောက်ဆုံးမှုနောက်ကွယ်က အမှန်တရားကို ဖော်ထုတ်ဖို့ကြိုးစားရင်း Zi O နဲ့ဆုံတွေ့ခဲ့ကာ သူမဘဝပြောင်းလဲဖို့ ဖြစ်လာခဲ့ပါတယ်။
လျှို့ဝှက်နက်နဲတဲ့ ဇာတ်လမ်းတွေနဲ့ မှုခင်းဇာတ်လမ်းတွေကို သဘောကျတဲ့ ပရိသတ်တွေအတွက် ဒီဇာတ်လမ်းတွဲတွေကို https://www.viu.com/ott/mm/mya/all တွင် သွားရောက်ကြည့်ရှုနိုင်ပါတယ်နော်။