‘ချိုမြိန်သောလက်စားချေခြင်း’ အချစ်ဇာတ်ကားဟာ 2017 ခုနှစ်က ထွက်ရှိထားခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး ဒါရိုက်တာ မီးပွားက ဖန်တီးပုံဖော်ထားကာ အဓိကသရုပ်ဆောင်တွေအနေနဲ့ စိုင်းစိုင်းခမ်းလှိုင်၊ ခင်ဝင့်ဝါနဲ့ ရွှေမှုံရတီတို့က ပါဝင်သရုပ်ဆောင်ထားကာ တခြားသရုပ်ဆောင်များစွာကလည်း ပါဝင်အားဖြည့်ထားကြပါတယ်။

တကယ်တော့ အချစ်ဆိုတာ အရမ်းကိုရှုပ်ထွေးနက်နဲပြီး ဖြေရှင်းရခက်တဲ့ ပုစ္ဆာတစ်ပုဒ်ပါ။ တစ်ခါတလေမှာ တွက်ရင်းတွက်ရင်းနဲ့ ဒီပုစ္ဆာဟာ အဖြေမထွက်နိုင်တဲ့ အခြေအနေမျိုးကို ရောက်သွားတတ်ပါတယ်။ ဒီဇာတ်လမ်းလေးမှာတော့ သူမရဲ့အချစ်ဟောင်းအပေါ် အစွဲလမ်းကြီးစွာ ချစ်မြတ်နိုးနေဆဲဖြစ်တဲ့ မိန်းကလေးနဲ့ လက်ရှိချစ်သူကောင်မလေးတို့ကြား ပိတ်မိနေခဲ့တဲ့ လူငယ်တစ်ယောက်တို့ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကို ပုံဖော်ထားတာဖြစ်ပါတယ်။

သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပေါ်လာတဲ့အချိန်မှာ တစ်ယောက်ယောက်ကတော့ သေချာပေါက် အရှုံးနဲ့ရင်ဆိုင်ရနိုင်သလို သုံးယောက်လုံး နာကျင်ဝမ်းနည်းမှုတွေနဲ့ လည်း အဆုံးသတ်ရနိုင်ပါတယ်။ အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးဆိုတဲ့စကားအတိုင်း သူမရဲ့အရင်ချစ်သူကို အဆုံးရှုံးမခံနိုင်တဲ့ မိန်းကလေးတစ်ယောက် သူမချစ်တဲ့သူကိုရဖို့ ဘယ်လိုမိုက်မဲတဲ့အရာတွေကို လုပ်ဆောင်မှာလဲ။ လက်ရှိချစ်သူကောင်မလေးကရော မပြတ်သားသေးတဲ့ အခြေအနေတွေကို ခွင့်လွှတ်ပေးနိုင်ပါ့မလား။ ဒီဇာတ်ကားထဲမှာ အချစ်၊ အမုန်းနဲ့ လက်စားချေခြင်းတို့ကို ရသစုံစွာကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။
‘ချိုမြိန်သောလက်စားချေခြင်း’ မြန်မာရုပ်ရှင်ဇာတ်ကားကြီးကို မကြည့်ရှုရသေးတဲ့ ပရိသတ်တွေအတွက်ရော ပြန်လည်ကြည့်ရှုချင်တဲ့ ပရိသတ်တွေအတွက်ပါ https://www.viu.com/ott/mm/mya တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။