Lee Hwa Shin ဟာ ချောမောခံ့ညားတဲ့ သတင်းကြေညာသူ၊ ကောင်းမွန်တဲ့မိသားစုနဲ့ ချီးကျူးလောက်တဲ့ ပညာအရည်အချင်း နောက်ခံအသိုင်းအဝိုင်းကောင်းသူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ သတင်းလောကတွင် စိတ်ဓာတ်ပြင်းထန်တဲ့ ပြိုင်ဘက်တစ်ဦးဖြစ်ပြီး သူ့ရဲ့အလုပ်နဲ့ပတ်သက်လာရင် မဆုတ်မနစ်ကြိုးစားတတ်သူပဲ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ နောက်ထပ်ပြိုင်ဆိုင်လိုစိတ်ပြင်းထန်တဲ့ မိုးလေဝသပညာရှင် Pyo Na Ri ဟာ Hwa Shin လိုမျိုး ကောင်းမွန်တဲ့နောက်ခံအချက်အလက်တွေ မရှိသူဖြစ်ပြီး သူမဟာ တတိယအဆင့်ကောလိပ်သို့ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ Na Ri ဟာ သူမလိုချင်တဲ့နေရာကိုရောက်ဖို့ဆိုရင် အရမ်းကြိုးစားသူဖြစ်ပြီး ဘာမဆိုလုပ်ဖို့ ဝန်မလေးသူတစ်ယောက် ဖြစ်ပါတယ်။ သတင်းတင်ဆက်သူနဲ့ မိုးလေဝသ သတင်းကြေညာသူတို့နှစ်ဦးဟာ ဌာနရဲ့ အကောင်းဆုံးဝန်ထမ်းတွေဖြစ်လာဖို့ကို အလုအယက်ကြိုးစားခဲ့ကြတာပါ။ ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ ပြိုင်ဘက်တွေအဖြစ်ကနေ မမျှော်လင့်ဘဲ ချစ်မိသွားခဲ့တဲ့အခါမှာ ဘာတွေဖြစ်လာမလဲဆိုတာကို ကြည့်ရှုရမဲ့ အချစ်ဟာသဇာတ်လမ်းတွဲလေး ဖြစ်ပါတယ်။

‘ချစ်သဝန်တို’ ဆိုတဲ့ အချစ်ဟာသဒရာမာစီးရီးလေးကို Seo Sook Hyang က ဇာတ်ညွှန်းရေးသားထားပြီး ဒါရိုက်တာ Park Shin Woo က ရိုက်ကူးပုံဖော်ထားပါတယ်။ ဒီဇာတ်လမ်းတွဲတွင် မင်းသား Jo Jung Suk, Go Kyung Phyo နဲ့ မင်းသမီး Gong Hyo Jin တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပြီး တခြားသရုပ်ဆောင်တွေကလည်း ပါဝင်အားဖြည့်ထားကြပါတယ်။ ချစ်သဝန်တို’ ဇာတ်လမ်းတွဲကို မြန်မာစာတန်းထိုးဖြင့် https://www.viu.com/ott/mm/mya တွင် ကြည့်ရှုခံစားနိုင်ပါတယ်။