Wednesday, October 4, 2023
HomeEntertainmentသဘာဝလွန်စွမ်းအားပိုင်ရှင် ညီအစ်မနှစ်ယောက်အကြောင်းရိုက်ကူးထားတဲ့ ‘Divya Drishti’

သဘာဝလွန်စွမ်းအားပိုင်ရှင် ညီအစ်မနှစ်ယောက်အကြောင်းရိုက်ကူးထားတဲ့ ‘Divya Drishti’

နတ်မျက်စိရှင် ညီအစ်မ ‘Divya Drishti’ စီးရီးဟာ 2019 ခုနှစ်ကထွက်ရှိခဲ့တဲ့ အိန္ဒိယသဘာဝလွန် ဒရာမာဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်တွေအဖြစ် Sana Sayyad, Nyra Banerjee, Sangita Ghosh, Adhvik Mahajan နဲ့ Mishkat Varma တို့က ပါဝင်ထားကြပါတယ်။

pinterest

လူကြိုက်များအောင်မြင်ခဲ့တဲ့ ဒီဇာတ်လမ်းတွဲဟာ ညီအစ်မနှစ်ယောက်ဖြစ်တဲ့ Divya နဲ့ Drishti တို့ရဲ့ ဇာတ်လမ်းကို အဓိကပုံဖော်ရိုက်ကူးထားတာပါ။ အနာဂတ်ကိုမြင်သိနိုင်တဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားကြတဲ့ ညီအစ်မနှစ်ယောက်ရဲ့ စွမ်းအားတွေကို စုန်းမကြီး Pishachini က ပိုင်ဆိုင်လိုချင်တာကြောင့် လိုက်လံရှာဖွေနေခဲ့ပြီး နောက်ဆုံးမှာ တွေ့ရှိသွားခဲ့ပါတယ်။ စုန်းမကြီးရဲ့အန္တရာယ်စက်ကွင်းကနေ လွတ်မြောက်နိုင်ဖို့ Divya နဲ့ Drishti တို့ညီအစ်မတွေဟာ ထွက်ပြေးတိမ်းရှောင်ရာကနေ လူချင်းကွဲသွားခဲ့ကြပြီး မတူညီတဲ့မိသားစုတစ်ခုစီကို ရောက်ရှိသွားခဲ့ကြပါတယ်။

pinterest

သူတို့ညီအစ်မတွေ တစ်ယောက်ကိုတစ်ယောက် မှတ်မိပြီး ပြန်လည်ဆုံတွေ့နိုင်ပါတော့မလား။ စုန်းမကြီး Pishachini ရဲ့ အန္တရာယ်ကိုရော ဘယ်လိုမျိုးတိုက်ခိုက်ကျော်လွှားကြမလဲဆိုတာကို သဘာဝလွန်ဖြစ်ရပ်တွေနဲ့ မှော်ပညာတွေအကြောင်း စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် အိန္ဒိယဇာတ်လမ်းတွဲကောင်း တစ်ခုဖြစ်ပါတယ်။

နတ်မျက်စိရှင် ညီအစ်မ ‘Divya Drishti’ ကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: