‘အရိပ်လိုက်မုဆိုး’ စီးရီးဟာ လျှို့ဝှက်ဆန်းကြယ် စိတ်ကူးယဉ် မလေးရှားဒရာမာ အမျိုးအစားဖြစ်ပြီး အခြားရှုထောင့်တစ်ခုမှ သဘာဝလွန်နတ်သူငယ်တွေအကြောင်းကို ရိုက်ကူးပြသထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းပုံစံက လူ့ကမ္ဘာတွင် ထွက်ပြေးပျောက်ကွယ်သွားခဲ့တဲ့ သူ့ရဲ့ပါတနာဖြစ်သူကို ခြေရာခံရှာဖွေရန် မစ်ရှင်ကိုလုပ်ဆောင်နေတဲ့ နတ်သူငယ်ရဲ့အကြောင်းကို ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။

သူ့ရဲ့တာဝန်တွေကိုလုပ်ဆောင်ဖို့အတွက် ဒီနတ်သူငယ်ဟာ သေဆုံးသွားပြီဖြစ်တဲ့ Malik အမည်ရှိ ရဲတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲမှာ နေထိုင်နေခဲ့ကာ သူ့ရဲ့တာဝန်ကိုပြီးမြောက်အောင်လုပ်ဆောင်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ လူတွေရဲ့ကြားထဲမှာ ဟန်ဆောင်ပုန်းကွယ်ရင်း Malik အယောင်ဆောင်ထားတဲ့ ဒီနတ်သူငယ်ဟာ သူ့ရဲ့တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။

‘အရိပ်လိုက်မုဆိုး’ စီးရီးတွင် သရုပ်ဆောင်တွေအဖြစ် Kamal Adli, Siti Saleha, Nabila Huda, Khir Rahman, Zoey Rahman, Namron, Airil Hafiz, Badrul Muhayat, Kodi Rasheed, Zahim Albakri, Rayyan Farrel Rizal နဲ့ အခြားသရုပ်ဆောင်များစွာက ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ‘အရိပ်လိုက်မုဆိုး’ စီးရီးကို https://www.viu.com/ott/mm/mya တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။