Thursday, December 7, 2023
HomeKnowledgeသမီးဖြစ်သူကို 15 ပေအရှည်ရှိတဲ့ စပါးအုံးမြွေတွေနဲ့ ကစားခွင့်ပေးခဲ့ပြီး လုံးဝကိုဘေးကင်းကြောင်း ပြောကြားခဲ့တဲ့ဖခင်

သမီးဖြစ်သူကို 15 ပေအရှည်ရှိတဲ့ စပါးအုံးမြွေတွေနဲ့ ကစားခွင့်ပေးခဲ့ပြီး လုံးဝကိုဘေးကင်းကြောင်း ပြောကြားခဲ့တဲ့ဖခင်

ကြင်နာတတ်တဲ့ ကောင်မလေး Emi နဲ့ စပါးအုံးမြွေကြီးတွေရဲ့ ခိုင်မာတဲ့ချိတ်ဆက်မှုဟာ ပုံမှန်ထက်ကျော်လွန်သွားပြီး သူတို့ရဲ့ခင်မင်ရင်းနှီးမှုက ကန့်သတ်ချက်တွေကို ဖြတ်ကျော်နိုင်ကြောင်း ပြသခဲ့ပါတယ်။ ချစ်ခြင်းမေတ္တာနဲ့ ပံ့ပိုးမှုတွေဖြင့်ပြည့်နှက်နေတဲ့ သူတို့ရဲ့သူငယ်ချင်းဆက်ဆံရေးဟာ အချိန်ကြာလာတာနဲ့အမျှ ခိုင်မာစွာတည်ရှိနေခဲ့ပြီး လူတွေရဲ့နှလုံးသားထဲတွင် အထူးမှတ်ဉာဏ်တစ်ခုအဖြစ် ကျန်ရှိနေစေပါတယ်။ Surrey မြို့မှ massage therapist တစ်ဦးဖြစ်တဲ့ Ed Taoka ဟာ ခြောက်နှစ်သားအရွယ် Sonny နဲ့ ငါးနှစ်သားအရွယ် Cher အမည်ရတဲ့ စပါးအုံးမြွေနှစ်ကောင်ကို ဂုဏ်ယူစွာနဲ့ဂရုစိုက်ပေးနေခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ သူက ဆိုရှယ်မီဒီယာပေါ်တွင် သမီးဖြစ်သူ Emi နဲ့ စပါးအုံးမြွေတွေရဲ့ ကြည်နူးစရာကောင်းတဲ့ ပေါင်းသင်းဆက်ဆံရေးကို မကြာခဏဝေမျှလေ့ရှိတာလည်း ဖြစ်ပါတယ်။ အံ့သြစရာကောင်းတာက ဒီမြွေတွေဟာ ကြီးပြီးအန္တရာယ်ရှိနိုင်ပေမဲ့လို့ ကောင်မလေးက လုံးဝကိုမကြောက်ပါဘူး။ Ed က Emi မြွေတွေနဲ့အတူရှိနေတဲ့အချိန်မှာ သူအမြဲတမ်းရှိနေကြောင်း လူတိုင်းကိုသိစေခဲ့ပြီး သူမရဲ့ဘေးကင်းမှုကို သေချာစေခဲ့ပါတယ်။ သူက ဒီမြွေတွေဟာ လူအများစုထင်ထားတဲ့ အရာတွေကိုကျော်လွန်ကာ ပိုပြီးကြင်နာတတ်ကြတယ်လို့ ပြောထားပါတယ်။

image source: sonny_cher_retics / Instagram

Sonny နဲ့ Cher တို့ဟာ ငယ်စဉ်ကတည်းက မိသားစုရဲ့အစိတ်အပိုင်းဖြစ်ခဲ့ကြပြီး Emi တစ်နှစ်ခွဲအရွယ်တွင် Sonny နဲ့ တွေ့ဆုံခဲ့ပြီး ဖခင်ဖြစ်သူက ဂရုတစိုက်မိတ်ဆက်ပေးခဲ့ပါတယ်။ “ကျွန်တော် Sonny ကို ခြောက်လကြိုတင်ပြီး အပြင်းအထန်ကိုင်တွယ်ခဲ့ပါတယ် သူ့မှာဘယ်လိုစိတ်နေသဘောထားမျိုး ရှိလဲဆိုတာကို အကဲဖြတ်ရမယ် သူကအရမ်းအေးဆေးပြီး နူးညံ့သိမ်မွေ့တဲ့အတွက် သမီးလေးကို ယုံကြည်စွာကိုင်ခွင့်ပေးခဲ့တာပါ” ဟု Ed က ပြောပြခဲ့ပါတယ်။ Ed က သူဟာငယ်စဉ်ကတည်းက မြွေတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် ထားရှိတယ်လို့ ရှင်းပြခဲ့ပါတယ်။ “မြွေတွေနဲ့ တွားသွားသတ္တဝါတွေဟာ ကျွန်တော်ကြီးပြင်းခဲ့တဲ့ဘဝရဲ့ ကြီးမားတဲ့အစိတ်အပိုင်းတွေ ဖြစ်ခဲ့ကြပါတယ် အရင်က စပါးကြီးမြွေတွေတောင် ရှိခဲ့ဖူးတယ် Sonny နဲ့ Cher တို့က ကျွန်တော်မွေးဖူးတဲ့ ပထမဆုံးစပါးအုံးမြွေတွေ ဖြစ်ပါတယ်” ဟု ဆိုပါတယ်။

image source: sonny_cher_retics / Instagram

image source: sonny_cher_retics / Instagram

Emi နဲ့ မြွေတွေကြားက ဆက်ဆံရေးဟာ အရမ်းကိုချစ်စရာကောင်းပါတယ်။ မြွေတွေဟာ မျှတတဲ့အစားအစာကို စားသောက်ကြပြီး အေးခဲထားတဲ့ယုန်တွေကို စားကြကာ သက်ရှိအစာတွေကို လုံးဝမစားကြဘူးလို့ ဆိုပါတယ်။ “ကျွန်တော့်သမီးက မြွေတွေကို သဘောကျတယ် ပြီးတော့ မြွေတွေနဲ့ ဘယ်လိုမျိုးပြုမူနေထိုင်ရမလဲဆိုတဲ့ လမ်းညွှန်ချက်တွေကို သူသင်ယူခဲ့ပါတယ် ဒါကြောင့် သူက မြွေတွေနဲ့အတူကြီးပြင်းခွင့်ရပြီး မြွေတွေကလည်း သမီးလေးကို သူတို့အစာအဖြစ် ဘယ်တော့မှမမှတ်ယူကြပါဘူး” ဟု ဖခင်ဖြစ်သူက ပြောပြခဲ့ပါတယ်။ Emi နဲ့ ဒီမြွေတွေရဲ့ဆက်ဆံရေးဟာ ခင်မင်ရင်းနှီးမှုသာမက မိသားစုတစ်ခုလိုဖြစ်နေတာပဲ ဖြစ်ပါတယ်။

image source: sonny_cher_retics / Instagram
RELATED ARTICLES
- Advertisment -

Most Popular

%d