သူမရဲ့မိခင်ထံကနေ ဝိညာဉ်တွေကိုနှင်ထုတ်နိုင်စွမ်းကို အမွေဆက်ခံခဲ့တဲ့ Ji Ah ဟာ သရဲခြောက်တဲ့အိမ်တွေကို အဓိကရောင်းချပေးနေတဲ့ Daebak Realty ရဲ့ ပိုင်ရှင်ဖြစ်ပါတယ်။ Ji Ah ဟာ ပြီးပြည့်စုံပြီး ထက်မြက်တဲ့ပုံပေါက်ပေမဲ့ တကယ်တမ်းမှာတော့ ဒေါသကြီးပြီး အပြောဆိုးသူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ Ji Ah ဟာ မကောင်းဆိုးဝါးနှင်ဆရာအဖြစ် ဟန်ဆောင်ထားတဲ့ In Beom လို့ခေါ်တဲ့ လူလိမ်တစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။

ညအချိန်တွင် In Beom က Ji Ah ဆီသို့ ကမ်းလှမ်းမှုတစ်ခုပြုလုပ်ရန် ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်စားချေလိုတဲ့ဝိညာဉ်တွေနဲ့ တစ္ဆေသရဲတွေခြောက်လှန့်နေတဲ့ အိမ်တွေကို သီးသန့်ရောင်းချရန်အတွက် အတူပူးပေါင်းလုပ်ဆောင်ကြဖို့ လာကမ်းလှမ်းတာဖြစ်ပါတယ်။ သူတို့နှစ်ယောက် အတူတူလက်တွဲပြီး အိမ်ဈေးတွေ၊ သရဲတွေနဲ့ သူတို့ရဲ့ဝမ်းနည်းစရာဇာတ်လမ်းတွေကို ကောင်းမွန်စွာကိုင်တွယ် ဖြေရှင်းနိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။

လျှို့ဝှက်ဆန်းကြယ် သည်းထိတ်ရင်ဖို စိတ်ကူးယဉ်ဟာသဇာတ်လမ်းတွဲ ‘ဝိညာဉ်အကျိုးတော်ဆောင်’ ကို ဒါရိုက်တာ Park Jin Suk က ရိုက်ကူးထားပြီး Jang Na Ra, Jung Yong Hwa, Kang Hong Suk, Kang Mal Geum, Baek Eun Hye, Ahn Kil Kang နဲ့ တခြားသရုပ်ဆောင်များစွာက ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ ‘ဝိညာဉ်အကျိုးတော်ဆောင်’ ဒရာမာဇာတ်လမ်းတွဲကို ကြည့်ရှုချင်တယ်ဆိုရင်တော့ https://www.viu.com/ott/mm/mya တွင် ဝင်ရောက်ကြည့်ရှုခံစားနိုင်ပါတယ်။