Thursday, December 7, 2023
HomeEntertainmentသာမန်ဆရာဝန်မလေးနဲ့ နတ်ဘုရားတို့ကြားက စိတ်ကူးယဉ်အချစ်ဇာတ်လမ်းလေး 'နတ်ဘုရားရဲ့ချစ်ရာသီ'

သာမန်ဆရာဝန်မလေးနဲ့ နတ်ဘုရားတို့ကြားက စိတ်ကူးယဉ်အချစ်ဇာတ်လမ်းလေး ‘နတ်ဘုရားရဲ့ချစ်ရာသီ’

ရှေးခေတ်ကိုရီးယားရဲ့ သာမန်လူတစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ Kkok Du ဟာ အခုအချိန်မှာတော့ လူသားတွေရဲ့အားနည်းချက်ကို အပြစ်ပေးရန်အတွက် 99 နှစ်မှာတစ်ကြိမ် ကမ္ဘာမြေသို့လာရောက်တတ်တဲ့ မသေဆုံးနိုင်တဲ့ ထာဝရရှင်သန်သူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ နှစ်ထောင်ပေါင်းများစွာကြာ တည်ရှိမှုကနေတစ်ဆင့် သိမြင်ခဲ့ရတဲ့အရာတွေကြောင့် သူဟာ လူသားတွေအပေါ် အထင်မြင်သေးလာခဲ့တာပါ။

image source: Viu

သူ့ရဲ့နောက်ဆုံးခရီးစဉ်တွင် Kkok Du က Do Jin Woo အမည်ရှိတဲ့ ပါရမီရှင်ဆရာဝန်ငယ်လေးရဲ့ခန္ဓာကိုယ်တွင် နေထိုင်နေပါတယ်။ ဒါပေမဲ့ Do Jin Woo ရဲ့ ဆေးဘက်ဆိုင်ရာတာဝန်တွေကို ထမ်းဆောင်ရစဉ်မှာတော့ သူ့ရဲ့တာဝန်တွေက ရှုပ်ထွေးလာခဲ့ပါတယ်။ မျှော်လင့်မထားတဲ့ အလှည့်အပြောင်းတစ်ခုတွင် Kkok Du ဟာ သူ့ကို ဆွဲဆောင်ထားနိုင်ခဲ့တဲ့ ဆရာဝန်မလေး Han Gye Jeol နဲ့ တွေ့ဆုံခဲ့ပါတယ်။ သူမက သူ့အပေါ်မှာ ဘာကြောင့်ဒီလိုမျိုးလွှမ်းမိုးနိုင်တာလဲ၊ သူတို့က အတိတ်ဘဝက ဆက်နွယ်မှုတွေများရှိခဲ့ဖူးလို့လား၊ Kkok Du ဟာ သူ့ရဲ့တာဝန်ကို ထမ်းဆောင်နေရင်း Gye Jeol ကို ပိုသဘောကျလာကာ အချစ်အတွက် စွန့်စားတတ်လာပါတယ်။

image source: Viu

‘နတ်ဘုရားရဲ့ချစ်ရာသီ’ စိတ်ကူးယဉ် အချစ်ဟာသဒရာမာဇာတ်လမ်းတွဲတွင် Kim Jung Hyun, Im Soo Hyang, Kim Da Som, Ahn Woo Yeon, Cha Chung Hwa, Kim In Kwon နဲ့ တခြားသရုပ်ဆောင်များစွာက ပါဝင်သရုပ်ဆောင်ထားကြကာ ဒါရိုက်တာ Baek Soo Chan နဲ့ Kim Ji Hoon တို့က ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ‘နတ်ဘုရားရဲ့ချစ်ရာသီ’ အချစ်ဒရာမာလေးကို https://www.viu.com/ott/mm/mya တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d