‘ရတနာရှာပုံတော်’ ဒရာမာဟာ သမိုင်းကြောင်းတစ်လျှောက် ခေတ်ဟောင်းအင်ပါယာရဲ့ ရတနာတွေကို ခိုးယူပေးတတ်တဲ့ သူခိုးတစ်ယောက်အကြောင်းကို ရိုက်ကူးပြသထားတာပဲ ဖြစ်ပါတယ်။ ‘Skunk’ လို့ အများကသိကြတဲ့ ပရော်ဖက်ရှင်နယ်သူခိုးတစ်ယောက်ဟာ ‘Team Karma’ ဟုအမည်ရတဲ့ ခေတ်ဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကို ပြန်လည်ရယူရေးအဖွဲ့အတွက် ခိုးရာပါရှေးဟောင်းပစ္စည်းတွေကို တရားမဝင်တဲ့နည်းလမ်းဖြင့် ပြန်လည်ရယူပေးနေသူတစ်ဦးပဲ ဖြစ်ပါတယ်။

သူတို့အတွက် ကြီးမားတဲ့မစ်ရှင်တစ်ခုရှိလို့နေတာဖြစ်ပြီး ဒါကတော့ ကိုရီးယားနိုင်ငံရဲ့တစ်နေရာတွင် မြှုပ်နှံထားတဲ့ ဝမ် 30 ထရီလီယံတန် ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ ထာဝရရှင်သန်မှုကိုပေးစွမ်းနိုင်တယ်လို့ ယုံကြည်နေကြတဲ့ ဝိညာဉ်ရေးပုတီးစေ့တွေပဲ ဖြစ်ပါတယ်။ ဆင်ခြင်တုံတရားမဲ့တဲ့အုပ်စုကိုဆန့်ကျင်တဲ့အနေနဲ့ ‘Team Karma’ အဖွဲ့ရဲ့ စိတ်လှုပ်ရှားဖွယ်လှုပ်ရှားမှုကို မြင်တွေ့ရမှာပါ။ ‘Skunk’ ရဲ့တကယ့်သရုပ်မှန်ဟာ Hwang Dae Myung ဆိုသူဖြစ်ပြီး သူဟာ သာမန်သူခိုးတစ်ယောက်တော့ မဟုတ်ပါဘူး။ Dae Myung ဟာ ဘဝနှစ်ခုဖြင့်နေထိုင်နေသူဖြစ်ကာ ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲရေးမှ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး နေ့ဘက်တွေမှာတော့ သူဟာ သာမန်အစိုးရဝန်ထမ်းတစ်ဦးဖြစ်ကာ ညဘက်မှာတော့ တကယ့်ကိုပရော်ဖက်ရှင်နယ်ကျတဲ့ သူခိုးတစ်ယောက်ဖြစ်ပါတယ်။

လျှို့ဝှက်ဆန်းကြယ်၊ အက်ရှင်၊ စွန့်စားခန်း ဒရာမာတစ်ခုဖြစ်တဲ့ ‘ရတနာရှာပုံတော်’ ဇာတ်လမ်းတွဲတွင် Joo Won, Lee Joo Woo, Jo Han Chul, Kim Jae Won, Choi Hwa Jung, Lee Deok Hwa နဲ့ တခြားသရုပ်ဆောင်များစွာက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ‘ရတနာရှာပုံတော်’ ကိုရီးယားအက်ရှင်ဒရာမာကောင်းကို ကြည့်ရှုချင်တယ်ဆိုရင်တော့ https://www.viu.com/ott/mm/mya တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။