နိုင်ငံရဲ့ဂုဏ်သိက္ခာအရှိဆုံး ဥပဒေရုံးမှ အသက်အငယ်ဆုံးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Oh Soo Jae ဟာ နိုင်ငံရဲ့အကောင်းဆုံး ရှေ့နေတွေထဲကတစ်ဦးဖြစ်ကြောင်းကို သက်သေပြခဲ့ပြီးဖြစ်ပါတယ်။ ဖြောင့်မတ်မှန်ကန်မှုနဲ့ အနိုင်ရလိုစိတ်ပြင်းပြမှုတွေဖြင့် Soo Jae ဟာ TK Law Firm ရဲ့ ထိပ်တန်းရှေ့နေတွေထဲက တစ်ဦးဖြစ်လာဖို့ လမ်းစပေါ်နေခဲ့ပြီဖြစ်ပါတယ်။ ဒါပေမဲ့ မျှော်လင့်မထားတဲ့ အလှည့်အပြောင်းတစ်ခုဖြစ်လာချိန်မှာတော့ သူမရဲ့ကြိုးစားအားထုတ်မှုအားလုံးဟာ ပြိုကျပျက်စီးသွားခဲ့ရပါတယ်။

ရာထူးမှလျှော့ချခံလိုက်ရတဲ့ Soo Jae တစ်ယောက် ဒေသခံဥပဒေကျောင်းတစ်ခုတွင် တွဲဖက်ပါမောက္ခတာဝန်ကို ထမ်းဆောင်ဖို့ဖြစ်လာခဲ့ရပါတယ်။ ကုမ္ပဏီအတွင်း သူမရဲ့ရာထူးကို ပြန်လည်ရယူရန် စိတ်ပိုင်းဖြတ်ထားတဲ့ Soo Jae ဟာ သူမရဲ့တာဝန်အသစ်ကို အတတ်နိုင်ဆုံးကြိုးစားလုပ်ဆောင်နေပေမဲ့ ရာထူးမှနုတ်ထွက်လိုက်ရခြင်းအတွက် တုန်လှုပ်ချောက်ချားမှုတွေ ဆက်လက်ရှိနေဆဲပါ။ Soo Jae ခံစားနေရတဲ့ ခက်ခဲပင်ပန်းမှုတွေဟာ တက္ကသိုလ်ကျောင်းသား Gong Chan နဲ့ တွေ့ပြီးမှသာ လျော့ပါးလာခဲ့တာဖြစ်ပါတယ်။ Gong Chan ရဲ့ Soo Jae အပေါ်ထားတဲ့ ချစ်ခင်မြတ်နိုးမှုက တစ်စတစ်စကြီးထွားလာခဲ့ပြီး Soo Jae တစ်ယောက် သူမရဲ့နေရာမှန်ကို ပြန်လည်ရယူဖို့ ကြိုးစားနေချိန်တွင်လည်း Gong Chan က အနားမှာအမြဲရှိနေပေးခဲ့ပါတယ်။ Soo Jae တစ်ယောက် Gong Chan ရဲ့အားပေးမှုတွေနဲ့ သူမရဲ့ရာထူးကို ပြန်လည်အရယူနိုင်ပါ့မလား။

‘သူမနှင့် လောကဓံ’ ကိုရီးယားဇာတ်လမ်းတွဲကို Kim Ji Eun က ဇာတ်ညွှန်းရေးသားထားပြီး ဒါရိုက်တာ Park Soo Jin က ရိုက်ကူးပုံဖော်ထားကာ လျှို့ဝှက်ဆန်းကြယ်၊ ဥပဒေ၊ အချစ်၊ မယ်လိုဒရာမာအမျိုးအစား ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲတွင် သရုပ်ဆောင်တွေအဖြစ် Seo Hyun Jin, Hwang In Youp, Heo Joon Ho, Bae In Hyuk, Ji Seung Hyun နဲ့ Lee Joo Woo တို့က ပါဝင်သရုပ်ဆောင်ထားကြတာပါ။ ‘သူမနှင့် လောကဓံ’ ဒရာမာဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya တွင် မြန်မာစာတန်းထိုးအပြည့်အစုံဖြင့် ကြည့်ရှုနိုင်ပါတယ်။