Thursday, December 7, 2023
HomeEntertainmentအကောင်းနဲ့အဆိုး လွန်ဆွဲမှုတွေကြားက မိန်းမပျိုတစ်ဦးရဲ့ ဘဝကံကြမ္မာကို ကြည့်ရှုကြရမဲ့ 'အဆိပ်နတ်သမီး ဆီတာရာ'

အကောင်းနဲ့အဆိုး လွန်ဆွဲမှုတွေကြားက မိန်းမပျိုတစ်ဦးရဲ့ ဘဝကံကြမ္မာကို ကြည့်ရှုကြရမဲ့ ‘အဆိပ်နတ်သမီး ဆီတာရာ’

‘အဆိပ်နတ်သမီး ဆီတာရာ’ အိန္ဒိယဇာတ်လမ်းတွဲဟာ စိတ်ကူးယဉ် သည်းထိတ်ရင်ဖိုဒရာမာအမျိုးအစားဖြစ်ပြီး ဒါရိုက်တာ Dilip Kumar နဲ့ Bhagwan Yadav တို့က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲတွင် Arhaan Behl, Shilpa Saklani, Adaa Khan, Soni Singh, Lavina Tandon, Sheetal Thakkar, Falaq Naaz နဲ့ အခြားသရုပ်ဆောင်များစွာက ပါဝင်သရုပ်ဆောင်ထားကြတာပါ။

youtube.com

Bishakha ဟာ Vishkanya မှ မွေးဖွားလာခဲ့သူတစ်ယောက်ဖြစ်ပေမဲ့ သူမရဲ့ဖခင်ဟာ သူမကို မကောင်းတဲ့အင်အားစုတွေဆီကနေ ဝေးကွာစေရန်အတွက် တိုက်ခိုက်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ Bishakha ဟာ သူမရဲ့သရုပ်မှန်ကိုမသိဘဲ ကြီးပြင်းလာခဲ့တာပါ။ ဒါပေမဲ့ ထင်မှတ်မထားတဲ့ အခြေအနေတွေကြောင့် သူမမိခင်ရင်းရဲ့ အမှန်တရားအကြောင်းကို သိရှိလာခဲ့ပြီးနောက်မှာတော့ သူမဟာ အကောင်းနဲ့အဆိုးကြား အပြိုင်အဆိုင်ရွေးချယ်မှု အခြေအနေထဲကို ကျရောက်သွားခဲ့တာပဲ ဖြစ်ပါတယ်။

youtube.com

ကံကြမ္မာက သူမကိုအစပြုခဲ့တဲ့ အိမ်တံခါးဝဆီပြန်ပို့လိုက်တဲ့အချိန်မှာ Bishakha ရဲ့ဘဝက ဘာတွေဖြစ်သွားမလဲ။ လူတစ်ယောက်ရဲ့ ဟိုးအနက်ရှိုင်းဆုံး အတွင်းစိတ်တွေထဲမှာ ကိန်းအောင်းနေတဲ့ ဗီဇတွေကိုရော ပြောင်းလဲပစ်လိုက်ဖို့ လွယ်ကူပါ့မလား။ အကောင်းအဆိုးတွေကြားမှာ သူမဘယ်လောက်တောင် ဒွိဟတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ‘အဆိပ်နတ်သမီး ဆီတာရာ’ ဆိုတဲ့ အိန္ဒိယဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d