‘ချစ်မိက အပြစ်မရှိ’ အချစ်ဟာသဇာတ်လမ်းတွဲလေးဟာ နူးညံ့သိမ်မွေ့တဲ့ အသွင်အပြင်ရှိသူ ယောက်ျားတွေကို လုံးဝသဘောမကျဘဲ ချောမောခန့်ညားမှုမရှိတဲ့ အမျိုးသားတွေကိုသာ ပိုနှစ်သက်တတ်တဲ့ ကာယပညာအထက်တန်းကျောင်းမှ ဆရာမ Joo Seo Yeon အကြောင်းကို ပုံဖော်ရိုက်ကူးထားတာပါ။ ကြင်နာသနားတတ်တဲ့ နှလုံးသားရှိသူဖြစ်တဲ့ သူမဟာ မိဘတွေရဲ့ဆုံးရှုံးမှုကို သင်ခန်းစာယူကာ အရက်သောက်ပြီး ကားမောင်းခြင်းကို ပြင်းပြင်းထန်ထန်ကန့်ကွက်တာ ဖြစ်ပါတယ်။

Lee Kang Woo ကတော့ ချောမောလှပပြီး ငွေကြေးချမ်းသာသူတစ်ယောက်ဖြစ်ကာ သူ့ရဲ့မောက်မာမှုဖြင့် အတိတ်ကဒဏ်ရာတွေကို ဖုံးကွယ်ထားတတ်သူတစ်ယောက်ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဆုံတွေ့မှုကနေ အဆင်ပြေနေတယ်လို့ထင်ရတဲ့ သူတို့ဘဝရဲ့ ဒဏ်ရာ၊ အမာရွတ်တွေကို သိရှိလာကြရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုရမဲ့ ဇာတ်လမ်းတွဲကောင်းတစ်ခု ဖြစ်ပါတယ်။

ဒီဒရာမာဇာတ်လမ်းတွဲတွင် Oh Yeon Seo, Ahn Jae Hyun, Kim Seul Gi, Gu Won နဲ့ Heo Jung Min တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး တခြားသရုပ်ဆောင်များစွာက ပါဝင်အားဖြည့်ထားကာ ဒါရိုက်တာ Oh Jin Suk က ပုံဖော်ရိုက်ကူးထားပါတယ်။ အချစ်ဟာသဇာတ်လမ်းတွဲ ‘ချစ်မိက အပြစ်မရှိ’ ကို မြန်မာစာတန်းထိုးဖြင့် https://www.viu.com/ott/mm/mya တွင် အခုပဲဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။