ထိတ်လန့်ဖွယ်အိပ်မက်ဆိုးတွေရဲ့ ခြောက်လှန့်မှုကိုခံနေရတဲ့ သော်တာဟာ အိပ်ရေးပျက်ညတွေဆက်တိုက်များလာတဲ့အချိန်မှာ အရူးတစ်ပိုင်းအခြေအနေထိ ဖြစ်လာခဲ့ပါတယ်။ သူမဘာကြောင့် ဒီလိုမျိုးတွေဖြစ်နေလဲဆိုတာကို သူမကိုယ်သူမလည်း နားမလည်နိုင်သလို အဖြေထွက်မလာတဲ့ မေးခွန်းတွေကိုပဲ ဆက်တိုက်မေးနေခဲ့တာပါ။

နောက်ဆုံးမှာတော့ သူမရဲ့ခင်ပွန်းဖြစ်သူဟာ သူမစိတ်အပြောင်းအလဲဖြစ်ပြီး သက်သာလာစေနိုင်ဖို့အတွက် သော်တာကို သူတို့ပိုင်ဆိုင်တဲ့ အပန်းဖြေစံအိမ်ကြီးသို့ ခေါ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ သူမဟာ အတိတ်က သူတို့နှစ်ယောက်ရဲ့အမှတ်တရတွေကို မှတ်မိနိုင်စွမ်းမရှိတော့ပေမဲ့ ခင်ပွန်းဖြစ်သူကတော့ သူမကိုသူ့ရဲ့ချစ်ခြင်းမေတ္တာတွေနဲ့ ဖေးမပံ့ပိုးပေးနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ တစ်နေ့မှာတော့ သူမဟာ ခြံစောင့်ကောင်လေးနဲ့ သူမခင်ပွန်းတို့ပြောနေတဲ့ စကားအချို့ကိုကြားပြီး အတိတ်က သူမ မသိသေးတဲ့ လျှို့ဝှက်ချက်အချို့ရှိနေတယ်ဆိုတာကို သိလိုက်ရတာပါ။

အဲဒီနောက်မှာတော့ သော်တာရဲ့အခြေအနေတွေဟာ တဖြည်းဖြည်းပိုဆိုးရွားလာခဲ့တာဖြစ်ပြီး သူမဟာ သူမမဟုတ်တော့သလို ထူးဆန်းတဲ့ပုံစံမျိုး ဖြစ်လာခဲ့ပါတယ်။ သူမခင်ပွန်းက သူမအပေါ်မှာ ဘာတွေလျှို့ဝှက်ထားခဲ့တာလဲ၊ သူမခံစားနေရတဲ့ ခြောက်လှန့်ခံနေရမှုတွေကရော ဒီလျှို့ဝှက်ချက်တွေနဲ့ ဆက်စပ်မှုရှိနေတာလားဆိုတာကို သည်းထိတ်ရင်ဖိုစွာ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။
‘သတို့သမီး’ ဇာတ်ကားကို ဒါရိုက်တာဝိုင်းက ပုံဖော်ရိုက်ကူးထားပြီး အလင်းရောင်၊ ဖွေးဖွေး၊ မေတို့က အဓိကပါဝင်သရုပ်ဆောင်ထားကာ တခြားသရုပ်ဆောင်တွေက ပါဝင်အားဖြည့်ထားကြပါတယ်။ သည်းထိတ်ရင်ဖို အချစ်ဇာတ်ကား ‘သတို့သမီး’ ကို https://www.viu.com/ott/mm/mya တွင် အခုပဲဝင်ရောက်ကြည့်ရှုလိုက်ပါ။