Thursday, December 7, 2023
HomeEntertainmentအထက်တန်းလွှာကိုဆန့်ကျင်ပြီး ပြည်သူတွေရဲ့နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့တဲ့ ကျွန်တစ်ယောက်ရဲ့ဇာတ်လမ်း 'အမှောင်ခေတ်ရဲ့ နေတစ်စင်း'

အထက်တန်းလွှာကိုဆန့်ကျင်ပြီး ပြည်သူတွေရဲ့နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့တဲ့ ကျွန်တစ်ယောက်ရဲ့ဇာတ်လမ်း ‘အမှောင်ခေတ်ရဲ့ နေတစ်စင်း’

‘အမှောင်ခေတ်ရဲ့ နေတစ်စင်း’ သည်းထိတ်ရင်ဖို၊ အက်ရှင် နန်းတွင်းဒရာမာအမျိုးအစားဖြစ်ပြီး Hwang Jin Young က ဇာတ်ညွှန်းရေးသားထားကာ ဒါရိုက်တာ Kim Jin Man က ရိုက်ကူးပုံဖော်ထားပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Yoon Kyun Sang, Chae Soo Bin, Kim Ji Suk, Lee Ha Nee, Kim Sang Joong, Shim Hee Sub နဲ့ တခြားသရုပ်ဆောင်များစွာက ပါဝင်ထားကြတာ ဖြစ်ပါတယ်။

youtube.com

ဂျိုဆွန်းမင်းဆက်တွင် ပြည်သူတွေအတွက် သူရဲကောင်းဖြစ်ခဲ့ပေမဲ့ နိုင်ငံရဲ့အုပ်စိုးသူအတွက် ရန်သူဖြစ်ခဲ့သူတစ်ယောက် ရှိခဲ့ဖူးတာဖြစ်ပါတယ်။ သူ့နာမည်ကတော့ Hong Gil Dong ပဲ ဖြစ်ပါတယ်။ ဘုရင် Yeonsangun ဟာ တော်ဝင်မျိုးရိုးက မွေးဖွားလာခဲ့ပေမဲ့ ပြည်သူတွေရဲ့ရှုတ်ချခြင်းကိုခံခဲ့ရပြီး Hong Gil Dong ကတော့ ကျွန်အဖြစ် မွေးဖွားလာခဲ့ပေမဲ့လည်း ပြည်သူတွေရဲ့နှလုံးသားကို သိမ်းပိုက်ထားနိုင်ခဲ့သူ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကြားမှာ ဖြစ်ပေါ်လာခဲ့တဲ့ ကွဲလွဲမှုတွေကြား စစ်မှန်တဲ့ခေါင်းဆောင်တစ်ယောက်ရဲ့ အရည်အသွေးတွေကို ပြသထားတာဖြစ်ပါတယ်။

pinterest.com

ဒီဒရာမာဇာတ်လမ်းတွဲဟာ သြဇာကြီးမားတဲ့ အထက်တန်းလွှာတွေကို ဆန့်ကျင်တိုက်ခိုက်ခဲ့တဲ့ Hong Gil  Dong ရဲ့ဘဝအကြောင်းကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ‘အမှောင်ခေတ်ရဲ့ နေတစ်စင်း’ ဆိုတဲ့ အက်ရှင်ဒရာမာဇာတ်လမ်းတွဲသစ်ကို https://www.viu.com/ott/mm/mya တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။   

RELATED ARTICLES
- Advertisment -

Most Popular

%d