‘ပြန်လမ်းမဲ့မှော်စံအိမ်’ မလေးရှားဇာတ်လမ်းတွဲဟာ လျှို့ဝှက်သည်းထိတ်ရင်ဖို ဒရာမာအမျိုးအစားဖြစ်ပြီး ဒါရိုက်တာ Azhar Amirulhisyam က ရိုက်ကူးဖန်တီးထားကာ သရုပ်ဆောင်တွေအနေနဲ့ မင်းသား Hun Haqeem, Meerqeen, Mohd Syafie Naswip, Fimie Don, မင်းသမီး Sherie Merlis, Sofia Jane, Sara Ali, Sara Mack Lubis နဲ့ သရုပ်ဆောင်များစွာက ပါဝင်ထားကြတာ ဖြစ်ပါတယ်။

လျှို့ဝှက်သည်းထိတ်ရင်ဖို ဇာတ်အိမ်တွေကိုရိုက်ကူးရာမှာ နာမည်ကြီးတဲ့ မလေးရှားဇာတ်လမ်းတွဲတွေဟာ ပရိသတ်ရင်ထဲကို အမြဲတမ်းထိမိအောင် ရိုက်ကူးနိုင်ကြတာပါ။ ဒီတစ်ခေါက်မှာလည်း ဇာတ်လမ်းပုံစံက လျှို့ဝှက်ဆန်းကြယ်တဲ့ အခြေအနေတစ်ခုတွင် ဓားစာခံအဖြစ် ချုပ်နှောင်အဖမ်းခံထားရတဲ့ သူစိမ်းရှစ်ဦးဟာ လက်ရှိအခြေအနေကနေလွတ်မြောက်နိုင်ဖို့ သူတို့ကိုဖမ်းထားတဲ့ သရုပ်မှန်မသိရသေးတဲ့သူရဲ့ ခိုင်းစေချက်အရ ဂိမ်းတွေကိုပြီးမြောက်အောင် ဆော့ပေးရမှာ ဖြစ်ပါတယ်။

ဒီလျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့နေရာကို ဘယ်သူတွေက သူတို့ကိုဖမ်းခေါ်လာခဲ့တာလဲ။ သူတို့ဆော့ရမဲ့ ဂိမ်းတွေကရော လွယ်ကူနိုင်မယ်လို့ထင်လား။ တစ်ခါမှမရောက်ဖူးတဲ့ ဒီနေရာစိမ်းမှာ သူတို့မသိသေးတဲ့ ဘယ်လိုလျှို့ဝှက်ချက်တွေက သူတို့ကိုဆီးကြိုနေမှာလဲ။ ဂိမ်းတွေကိုအောင်မြင်အောင် ဆော့နိုင်ခဲ့ရင်ရော သူတို့ကိုဒီနေရာကနေ တကယ်ပဲလွတ်မြောက်ခွင့်ပေးကြမှာလား။ မေးခွန်းပေါင်းများစွာနဲ့ သည်းထိတ်ရင်ဖိုစွာကြည့်ရှုရမဲ့ ဇာတ်လမ်းတွဲတစ်ခုပဲ ဖြစ်ပါတယ်။
‘ပြန်လမ်းမဲ့မှော်စံအိမ်’ ဆိုတဲ့ လျှို့ဝှက်သည်းထိတ်ရင်ဖို မလေးရှားဇာတ်လမ်းတွဲကို ကြည့်ရှုခံစားချင်တယ်ဆိုရင်တော့ https://www.viu.com/ott/mm/mya တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။