သင့်ရဲ့အဆက်ဟောင်းဟာ အကြောင်းအရင်းတစ်ခုကြောင့် သင့်အတွက်တော့ ဘာမှမဆိုင်တော့တဲ့ ex ဖြစ်သွားခဲ့ပေမဲ့ သူတို့မှာတော့ သင့်လိုမျိုးအတွေး ရှိချင်မှရှိကြမှာဖြစ်ပါတယ်။ တစ်ခါတလေ ယောက်ျားလေးတစ်ယောက်က သူတို့ရဲ့ချစ်သူနဲ့လမ်းခွဲလိုက်ပြီးတဲ့အချိန်မှသာ သူမဟာ ဘယ်လောက်တောင်အံ့သြစရာကောင်းတဲ့သူတစ်ယောက်လဲဆိုတာကို သဘောပေါက်လာကြတာကြောင့် ပြန်လိုချင်တတ်ကြပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သူသင့်ကိုပြန်ရဖို့ ဘာမဆိုလုပ်ဆောင်သွားမှာဖြစ်ပြီး သင့်အနေနဲ့ကတော့ ဒါကိုစမတ်ကျကျ ဖြေရှင်းနိုင်ဖို့ မျှော်လင့်ပါတယ်။ သင့်ကို အရင်အခြေအနေဆိုးတွေကနေ ကယ်တင်နိုင်ပြီး ကိုယ့်ကိုယ်ကိုယ်ဦးစားပေးနိုင်ဖို့ ex ဆီကစာပို့လာတဲ့အခါ သင့်အနေနဲ့ဒါတွေကို မလုပ်သင့်ပါဘူး။

– ချက်ချင်းစာမပြန်ပါနဲ့
သူ့စာကို သင်ချက်ချင်းစာပြန်လိုက်တဲ့အခါ သူဟာသင့်ဘဝအတွက် အရေးပါတဲ့သူတစ်ယောက် ဖြစ်နေသေးတယ်လို့ ထင်သွားနိုင်ပါတယ်။ သူဘယ်လိုထင်ထင် အရေးမကြီးဘူးဆိုရင်တောင် သူ့ကိုနည်းနည်းလောက်တော့ စိတ်ပင်ပန်းမှုလေး ပေးလိုက်ပါဦး။ သင် အွန်လိုင်းပေါ်ရှိနေပေမဲ့ သူ့ကိုစာမပြန်တာက သင့်ဘဝမှာ သူကသိပ်အရေးမပါတဲ့သူဖြစ်ကြောင်း ပြသပေးလိုက်မှာပါ။ တကယ်လို့ သင့်အနေနဲ့သူ့ကို ဒုတိယအခွင့်အရေးပေးချင်တယ်ဆိုရင်တောင် ဒီလိုမျိုးလုပ်ဆောင်လိုက်ခြင်းက သူ့အနေနဲ့အမှားကိုမြင်ပြီး လူကြီးလူကောင်းဆန်လာနိုင်တာကြောင့်ပါ။
– မေးခွန်းတွေမမေးပါနဲ့
သင့်ဘက်ကနေ သူ့ကိုမေးခွန်းတွေမေးလိုက်တဲ့အခါ သင်သူ့ဘဝကို စိတ်ဝင်စားနေသေးတယ်ဆိုတဲ့ သဘောသက်ရောက်သွားစေတာကြောင့် သူကသာ သင့်ကိုမေးခွန်းထုတ်တဲ့သူ ဖြစ်နေပါစေ။ နောက်ပြီး သင့်အနေနဲ့သူ့ရဲ့မေးခွန်းတွေကို ‘yes’ ‘no’ တိုတိုတုတ်တုတ်ပဲ ဖြေပေးပါ။ ဒါကသူ့စိတ်တွေကို ဆွပေးသလိုဖြစ်စေပြီး သူလုပ်ခဲ့တဲ့အမှားတွေအတွက် နောင်တရနေစေမှာဖြစ်ပါတယ်။

– လမ်းခွဲခဲ့ရတဲ့ အကြောင်းအရင်းကို မမေ့ပစ်ပါနဲ့
သူသင့်အပေါ် သစ္စာမရှိခဲ့လို့၊ လျစ်လျူရှုခဲ့လို့၊ အနိုင်ကျင့်ခဲ့လို့ စသဖြင့် သူနဲ့လမ်းခွဲခဲ့ရတဲ့ အကြောင်းအရင်းတွေကို မေ့မပစ်ပါနဲ့။ ဒါက သင်သူ့ကို ပြန်ချေပဖို့ပိုအင်အားရှိစေမှာဖြစ်ပြီး သူ့ထက်သင့်ကိုသင်ဦးစားပေးခြင်းက သင့်ကိုပိုပျော်ရွှင်စေမှာပါ။
– သူနဲ့ပြန်တွဲဖို့ မစဉ်းစားပါနဲ့
သူဘာပဲပြောပြော၊ ဘယ်လိုလှည့်ကွက်တွေပဲသုံးသုံး သူ့ဆီဘယ်တော့မှ ပြန်မသွားပါနဲ့။ သူ့ဆီပြန်သွားတာက သူသင့်ကိုအနိုင်ကျင့်ဖို့ အခွင့်အရေးထပ်ပေးလိုက်သလိုပါပဲ။ လူတွေရဲ့အကျင့်စရိုက်တွေဟာ အလွယ်တကူပြောင်းလဲသွားရိုးမရှိတာကြောင့် ဒုတိယအခွင့်အရေးနဲ့ မထိုက်တန်ပါဘူး။ သင့်ဘဝကို ပျော်ရွှင်စေချင်တယ်ဆိုရင်တော့ သင်နဲ့အမှန်တကယ်ထိုက်တန်တဲ့ သူမျိုးကိုသာ ရှာဖွေသင့်ပါတယ်။