ပျိုတိုင်းအသည်းစွဲရတဲ့ မင်းသားချော Lee Min Ho နဲ့ ထိပ်တန်းမင်းသမီးချော Jun Ji Hyun တို့ အဓိကပါဝင်ထားတဲ့ အလိမ်အညာဆရာကြီးနဲ့ ရေသူမလေးတို့ရဲ့ စိတ်ကူးယဉ်အချစ်ဇာတ်လမ်းလေး ‘ပင်လယ်ပြာမှ ကိုယ့်ချစ်သူ’ ကိုရီးယားဒရာမာဟာ 2016 ခုနှစ်က ထွက်ရှိထားတဲ့ ဇာတ်လမ်းတွဲဟောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ အချိန်တွေကြာသွားခဲ့ပေမဲ့လည်း ပရိသတ်တွေကြားမှာ ရေပန်းစားလူကြိုက်များဆဲ အကောင်းတကာ့အကောင်းဆုံး ဇာတ်လမ်းတွဲတွေထဲက တစ်ခုလို့ ဆိုနိုင်တာပါ။

ဂျိုဆွန်းခေတ်မှ ရေသူမတစ်ဦးဟာ ခေတ်သစ်လူ့အဖွဲ့အစည်းတွင် ဘယ်လိုရှင်သန်မလဲ။ Shim Chung ဟာ ဂျိုဆွန်းမင်းဆက်ကနေ ဒီကနေ့ဆိုးလ်ခေတ်အထိ Kim Ryung ဆိုတဲ့သူတစ်ယောက်တည်းကိုသာ စစ်မှန်တဲ့ချစ်ခြင်းတွေနဲ့ ချစ်နေခဲ့တာဖြစ်ပါတယ်။ ဂျိုဆွန်းခေတ် Kim Ryung ရဲ့လူဝင်စားဖြစ်သူ Heo Joon Jae ကတော့ လူတွေကိုလိမ်လည်လှည့်စားနေတဲ့ ကျွမ်းကျင်လိမ်ညာသူတစ်ယောက်ဖြစ်ပြီး ရေသူမလေး Shim Chung ကို သူမဝတ်ဆင်ထားတဲ့ ဒေါ်လာ 6 သန်းတန် ကျောက်စိမ်းလက်ကောက်ကြောင့် စတင်စိတ်ဝင်စားမိခဲ့ပါတယ်။

ရေထဲကနေတက်လာပြီး ဘယ်မှသွားစရာမရှိဖြစ်နေတဲ့ Shim Chung ကို လက်ကောက်နဲ့ပတ်သက်ကာ Joon Jae က သူ့ရဲ့အိမ်သို့ ခေါ်ဆောင်သွားဖို့ ဖြစ်လာခဲ့ပါတယ်။ အဲဒီမှာတော့ Shim Chung ဟာ သူမလိုပဲ Joon Jae ကို တစ်ဖက်သတ်စိတ်ဝင်စားနေတဲ့ သူမရဲ့ပြိုင်ဘက် Cha Shi Ah ကို တွေ့ရှိခဲ့ပါတယ်။ ခေတ်လူသားတွေရဲ့ကြားထဲမှာ Shim Chung တစ်ယောက် သူမရဲ့သရုပ်မှန်ကိုဖုံးကွယ်ပြီး အဆင်ပြေပြေနေနိုင်ပါ့မလား၊ သူမရဲ့ဘဝဟောင်းကချစ်သူကရော သူမတို့ရဲ့အချစ်ကို ပြန်မှတ်မိနိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာပါ။

ကေဒရာမာ ပရိသတ်တွေ အရမ်းကိုစွဲမက်ခဲ့ရတဲ့ ‘ပင်လယ်ပြာမှ ကိုယ့်ချစ်သူ’ ဇာတ်လမ်းတွဲ အစအဆုံးကို https://www.viu.com/ott/mm/mya တွင် စိတ်အပန်းဖြေကြည့်ရှုနိုင်ပါပြီ။