‘မုန်တိုင်းအသင်္ချေ’ မြန်မာဇာတ်လမ်းတွဲတွင် မင်းသမီး ချောရတနာ၊ စင်ဒီမြတ် နဲ့ မင်းသား ကျော်ထက်အောင် တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်လမ်းတွဲကို ဇာတ်ညွှန်း နေခြည်အောင်သစ်ကရေးသားပြီး ဒါရိုက်တာ နေပိုင်မှရိုက်ကူးထားပါတယ်။

လိုချင်ပြီဆိုရင် ဘယ်အရာကိုမဆို အရယူတတ်တဲ့ သုန်ဒရီဆိုတဲ့မိန်းကလေးဟာ အိမ်ထောင်ရှိတဲ့ သူမရဲ့ဆရာကိုမှ စွဲလမ်းသွားမိတဲ့နောက်မှာ မလုပ်သင့်တာတွေကို လုပ်ဆောင်ခဲ့ပါတော့တယ်။ ဘယ်တော့မှ အိမ်ထောင်ဖက်အပေါ် သစ္စာမပျက်ပါဘူးလို့ အကြိမ်ကြိမ်အခါခါ ကတိသစ္စာအထပ်ထပ်ပြုခဲ့ဖူးတဲ့ အမျိုးသားတစ်ဦးက ငယ်ရွယ်ပြီးမာယာများတဲ့ မိန်းမလှလေးတစ်ယောက်ရဲ့ ကျော့ကွင်းထဲမှာ မကျဆင်းဖို့ တတ်နိုင်ပါ့မလား။ သူမရဲ့ ကြီးမားပြီးအကွက်ကျလှတဲ့ အစီအစဉ်တွေအောက်မှာ ချစ်ခြင်းမေတ္တာနဲ့ သစ္စာတရားတို့ဝန်းရံထားခဲ့တဲ့ အချစ်အိမ်လေးက ဆက်လက်တည်မြဲနိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမဲ့ အိမ်ထောင်ရေး အချစ်ဇာတ်လမ်းတွဲကောင်းလေးတစ်ခု ဖြစ်ပါတယ်။

‘မုန်တိုင်းအသင်္ချေ’ ဆိုတဲ့ မြန်မာဇာတ်လမ်းတွဲလေးဟာ အိမ်ထောင်ရှင်တိုင်းကြည့်သင့်တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး ကိုယ့်ရဲ့အိမ်ထောင်ဖက်အပေါ် သစ္စာရှိမှုနဲ့ မဖြစ်သင့်တာတွေ မဖြစ်ရလေအောင် အစကတည်းက ကြိုတင်ရှောင်ဖယ်ထားတာက အကောင်းဆုံးဆိုတာကို ပြသလို့နေပါတယ်။ ‘မုန်တိုင်းအသင်္ချေ’ အချစ်အိမ်ထောင်ရေး ဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya တွင် ကြည့်ရှုနိုင်ပါတယ်။