Thursday, December 7, 2023
HomeEntertainmentအသက်အရွယ်ကွာခြားတဲ့ မျိုးဆက်သုံးခုကြားက မိသားစု၊ အချစ်ဇာတ်လမ်းလေး ‘Love Twist’

အသက်အရွယ်ကွာခြားတဲ့ မျိုးဆက်သုံးခုကြားက မိသားစု၊ အချစ်ဇာတ်လမ်းလေး ‘Love Twist’

‘Love Twist’ ကိုရီးယားဇာတ်လမ်းတွဲကို Lee Eun-joo က ဇာတ်ညွှန်းရေးသားထားပြီး ဒါရိုက်တာ Kim Won-yong က ရိုက်ကူးထားကာ Family, Melodrama အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းတွဲဟာ မတူညီတဲ့မျိုးဆက်သုံးခုအကြောင်းကို ရိုက်ကူးပုံဖော်ထားတာပါ။ လိမ်ညာမှုကြောင့် အချစ်ရေးနဲ့ဘဝတွေ ရှုပ်ထွေးသွားစေတဲ့ မိသားစုအကြောင်းကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။

image source: KBS WORLD

‘Love Twist’ ဇာတ်လမ်းတွဲလေးမှာတော့ မင်းသမီး Hahm Eun-jung, Son Seong-yoon နဲ့ မင်းသား Kim Jin-yeop တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပြီး Jang Se-hyun, Yoon Da-hoon, Hwang Shin-hye နဲ့ တခြားသရုပ်ဆောင်တွေက ကူညီအားဖြည့်ပေးထားကြပါတယ်။

image source: KBS WORLD

မိသားစုတွေကြား ဖြစ်ပေါ်တတ်တဲ့ အလွဲလေးတွေ၊ အချစ်နဲ့ ရယ်မောဖွယ်ဟာသလေးတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမဲ့ ‘Love Twist’ ကိုရီးယားဇာတ်လမ်းတွဲလေးဟာ သေချာပေါက် စိတ်အပန်းပြေပျော်ရွှင်ရမဲ့ ဇာတ်လမ်းတွဲကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ ‘Love Twist’ ကိုရီးယားဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d