Wednesday, October 4, 2023
HomeEntertainmentအိန္ဒိယဇာတ်ကားအကြိုက်တွေ့တဲ့ ပရိသတ်တွေအတွက် မင်းသား Mahesh babu ရဲ့ အက်ရှင်ဇာတ်ကားကောင်းများ

အိန္ဒိယဇာတ်ကားအကြိုက်တွေ့တဲ့ ပရိသတ်တွေအတွက် မင်းသား Mahesh babu ရဲ့ အက်ရှင်ဇာတ်ကားကောင်းများ

Ghattamaneni Mahesh Babu ဟာ အိန္ဒိယသရုပ်ဆောင်၊ producer, media personality တစ်ယောက်ဖြစ်ပါတယ်။ အသက် 47 နှစ်ရှိပြီဖြစ်တဲ့ မင်းသား Mahesh babu ဟာ သူ့ရဲ့ခန့်ညားတဲ့ရုပ်ရည်၊ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကြောင့် မြန်မာပရိသတ်တွေကြားမှာ အခိုင်အမာအားပေးမှုတွေ ရရှိထားတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် အိန္ဒိယဇာတ်ကားအကြိုက်တွေ့တဲ့ ပရိသတ်တွေအတွက် မင်းသား Mahesh babu ရဲ့ အက်ရှင်ဇာတ်ကားကောင်းအချို့ကို ဝေမျှပေးလိုက်ပါတယ်။

Maidan E Jung – Arjun (မကောင်းမှုရဲ့ သွားရာလမ်း)

pinterest

Maidan E Jung – Arjun (မကောင်းမှုရဲ့ သွားရာလမ်း) ဇာတ်ကားတွင် မင်းသား Mahesh babu, မင်းသမီး Keerthi Reddy, မင်းသမီး Shriya Saran နဲ့ သရုပ်ဆောင်များစွာပါဝင်ထားပါတယ်။ ဇာတ်လမ်းပုံစံက ညီမဖြစ်သူနဲ့ သူမရဲ့ချစ်သူတို့ကို ပေါင်းစည်းပေးဖို့ကြိုးစားနေတဲ့အချိန်မှာ ညီမဖြစ်သူရဲ့ယောက္ခမက သူမကိုသတ်ဖို့ကြံစည်နေမှန်း သိလိုက်ရတာကြောင့် အစ်ကိုဖြစ်သူက သူတို့ကိုပြန်ပြီးတုံ့ပြန်မှုတွေ ပြုလုပ်သွားမယ့် အက်ရှင်ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

Maharshi (မဟာပညာရှိ)

pinterest/social news xyz

Maharshi (မဟာပညာရှိ) ဆိုတဲ့ဇာတ်ကားမှာတော့ မင်းသား Mahesh babu အပါအဝင် Allari Naresh, Pooja Hedge တို့က အဓိကပါဝင်ထားပြီး Jagapathi Babu, Kaikala Satyanarayana, Kota Srinivasa Rao, Prakash Raj, နဲ့ Jayasudha တို့က ဇာတ်ပို့နေရာကနေ ပါဝင်အားဖြည့်ပေးထားကြပါတယ်။ ချမ်းသာတဲ့ စီးပွါးရေးသမားတစ်ဦးဟာ သူ့ရဲ့အတန်းဖော်ဟောင်းအတွက် အိန္ဒိယသို့ပြန်လာခဲ့ပါတယ်။ ပြန်ရောက်လာတဲ့အချိန်မှာ သူငယ်ချင်းရဲ့အခက်အခဲကို သိလိုက်ရပြီး သူငယ်ချင်းဖြစ်သူနဲ့ ရွာသားလေးတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့ဖြစ်လာတဲ့ ဇာတ်လမ်းလေးကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Nijam (ဖေ့ဖေ့အတွက် သွေးကလဲ့စား)

twitter.com

Nijam (ဖေ့ဖေ့အတွက် သွေးကလဲ့စား) ဟာ လူသတ်မှုဖြင့် မဟုတ်မမှန်စွပ်စွဲခံရပြီး ပူးပေါင်းကြံစည်သူတွေရဲ့ လုပ်ကြံမှုကြောင့် သေဆုံးခဲ့ရတဲ့ ဖခင်တစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ သားတစ်ယောက်အကြောင်းကို ဇာတ်လမ်းဖန်တီးထားတာ ဖြစ်ပါတယ်။ နောက်ပိုင်းတွင် မိခင်ဖြစ်သူက ဖခင်အတွက် ပြန်လည်လက်စားချေဖို့ သားဖြစ်သူကို နည်းလမ်းတကျပြသပေးတဲ့ ဇာတ်လမ်းကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားတွင် Mahesh Babu, Rakshita, Gopichand, နဲ့ Raasi တို့က အဓိကပါဝင်ထားကြပါတယ်။

အိန္ဒိယဇာတ်ကားကောင်းတွေကို မြန်မာစာတန်းထိုးဖြင့် https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: